Part -36

369 37 5
                                    

UNI

ဖြတ်ရိုက်ခံလိုက်ရသော အသံနဲ့အတူ လမ်းပေါ် ပက်လက် လှန်သွားသော Samuel ကြောင့် Jisung လက်ထဲက Bokie က သူ့ဆီသွား ဖို့ ခြေအလှမ်းပြင်လေ သည်။  Jisung ရဲ့ Bokie မထိခိုက်အောင် တားလိုက်တယ့်သန်မာတယ့်လက်တစ်စုံ ကြောင့်သာ သွားမရပဲ နေရာတွင်ရပ်ရင်း Sam ဟုအော်ခေါ်နေတာ ဖြစ်ပေ၏။ 

ဖြတ်ရိုက်လိုက်သော တုတ် အရှိန်နဲ့ လဲကျသွားပေမဲ့ ပြန်ကုန်းထ ဖို့ လုပ်တယ့် အချိန် Samuel ကျောကုန်း အား ထပ်၍ ရိုက်ချလိုက် သောကြောင့် လမ်းမပေါ် ပါးအပ်သွားရပြန် လေသည် ။
ထိုအချိန် လမ်းမပေါ်က မျက်လုံးတည့်တည့် ရှေ့ ရောက်လာတယ့် Nike ဖိနပ် နဲ့ ခြေတစ်စုံကြောင့်မျက်လုံးလှန်ကာ ကြည့်လိုက်မိသည်။ 

" အားညော် ~ "

လူတစ်စုရဲ့အရိပ် က မိမိပေါ် ကျရောက်လာပုံသည် အနာဂတ် ကြီးမဲမှောင်ကုန်သလို ပင်။ Sam မော့ကြည့်တော့  မိမိရဲ့ သူငယ်ချင်းအုပ်စု တွေ က မိမိရှေ့ တည့်တည့် ရောက်နေကြတာ ဖြစ်နေသောအခါ Sam စွံအမိသွား ၏ ။

" မင်း တို့ ! "

ဖြတ်ရိုက်ခံ လိုက်ရသော တုတ် နဲ့ဆိုင်ကယ်တွေ ၊ သူတို့အားလုံးအား မျက်လုံးထဲ မြင်ယောင်လာမိတော့ဦးနှောက်ရဲ့ အလိုအလျောက် အဖြေပြန်မှု ကြောင့် Sam အံဩသွား ပါ၏။  မဟုတ်မှ ဒီကောင်တွေ ငါ့ကို ဒီလို လုပ်ဖို့ စီစဉ်ကြတာလား ?

" မတွေ့ရတာ ကြာပြီ နော် Hwang Hyunjin!"

" သောက်ချီး ! အ့ !"

ကုန်းထကာ မိမိ အား ငုံပြောနေတယ့် si woo ရဲ့ မျက်ခွက်အားထိုးဖို့အလုပ် နောက်ကျောဖက် က ‌ဖိနပ် နဲ့ ကန်ချလိုက်တယ့် အရှိန်ကြောင့် ရင်ဖက်သည်လည်း လမ်းမ ထက် ပူးကပ်လျက်။

" ဘာလိုချင်တာလည်း "

အချိန်ဆွဲမနေပဲ သူတို့အနောက်က Bokie ကို သတိမထားမိတယ့်အတော်အတွင်း ကိစ္စ အမြန် ဖြတ်ဖို့ကာ ဒီနေရာမှာတင် ဘာပြဿနာရှာရှာ ပြေလည်အောင်ဖြေရှင်းပေးဖို့ စဉ်စားထားလိုက်သည်။

" မင်းအသက် !"

" .... "

" တုန်လှုပ်သွားတာလား ? ပြောပါအုံး ဒီပါးစပ်က ပိုက်ဆံလိုတိုင်းထုတ်ပေးတယ့် ငွေထုတ်စက်ကြီးဆိုတယ့်စကား ကို ... ဟမ်း!! အဖေကြီး ရ အခုတော့ ပြန်ပြောဖို့သတ္တိတွေ ဘယ်ရောက်နေတာလည်း "

Xanny Where stories live. Discover now