Part -30

361 40 4
                                    

UNI

" ₩31000 ပါ "

ကောင်တာတွင် ‌ဖြတ်လတ်စွာ ဖြင့် အလုပ်လုပ်နေတယ့် Sam တစ်ယောက် နံရံဘက်က နာရီတွင် အချိန် ကိုလည်း ကြည့်မိနေသည်။  မနက် ၃နာရီ ထိုးဖြစ်တာကြောင့် အိပ်ချင်စိတ်တွေ ရှိနေပေမဲ့ မရသေး ။ ဆိုင်က သန်းခေါင်ကျော်လောက်ဆို ကားတွေ တစ်စီးပြီးတစ်စီး လာရပ်တာ ဖြစ်ပေ၏ ။ အရင်က ကားဆီလာဖြည့်သူ ကိုယ်တိုင် ဓါတ်ဆီ ထည့်သွားလို့ရပေမယ့် ဆိုင်မှာ လူမရှိတယ့်အတွင်းဆို ဓါတ်ဆီသူခိုးတွေ က ပိုက်ဆံမရှင်း ပဲ ဖြတ်ဖြတ်သွားတာ ရှိတတ်သည်ဟု ကြားမိသောကြောင့် ကားလာရပ်ရင် ဝန်ထမ်းကိုယ်တိုင် ဓါတ်ဆီ သွားသွားထည့်ပေးရတော့တာပင်။ 

ယခု ဈေးဝယ်သူ ပြန်သွားတယ့်အခါ ဆိုင်ဝန်းတစ်ခုလုံးကြီးထဲ Sam တစ်ယောက်ထဲ ကျန်လေတော့သည်။ ဈေးဝယ်သူမရှိမှ ကျက်လက်စ စာအုပ်ကို ထုတ် အရင်ရက်က ဝယ်ခဲ့တယ့် မျက်မှန်ကို ပြန်တပ်ရင်း ‌ခဲတံတစ်ချောင်းဖြင့် ဟိုမှတ်သည်မှတ် မှတ်လိုက်တော့သည်။ မျက်မှန်က မကြာခင်ကမှ စာအကြည့်များလို့ တက်လိုက်တာဖြစ်ပြီး jisung ကလည်း ဆရာဆိုတယ့် ဂုဏ်ပုဒ်နဲ့လိုက်အောင်တပ် ဟူ၍ အကြံပေးလို့တပ်ပေးလိုက်တာ ဖြစ်၏ ။

ဆိုင်က ညဘက်ဆို အတွင်းရောအပြင်ပါလူကျသည် ‌မို့ ညဝန်ထမ်း အလိုရှိနေတာကြာပြီဖြစ်ကြောင်း Sam သိပြီးပြီးဖြစ်သည်။ ဦးလေး Soe နဲ့ jisung တို့က  အလှည့်‌ကြ ဆိုင် ထိုင် ကြပြီး ယခု jisung က နေမကောင်းပေ။  သူနေမကောင်းတယ့်အခါ ဆိုင်ကိုကြီးကြည့်နေရတယ့် ဦးလေး Soe က အလုပ်သမားအလျင်အမြန်လိုအပ်တော့သည်။
အချိန်ပိုင်းအလုပ် က လူငယ်တွေအတွက်ဆိုပေမဲ့ ကျောင်းသားအရွယ်အများစုက ဦးလေး Soeရဲ့ အင်တာဗျူ စစနေ့မှာတင်ကို အဆင်မပြေဘူးဆိုတာသိနေတယ့်အတွက်  သူ့ စကားပေါက်ကို ကြောက်လို့ကြောင့် မည်သူမျှ မလာတယ့်အခါ Sam ပဲ အစားဝင်ထိုင်လိုက်ရခြင်းဖြစ်တော့သည်။
အရင်ထဲက အတွေ့အကြုံတစ်ခု ရဖူး ‌တာကြောင့် မပင်ပန်းအောင်အသင့်‌ပြင်ဆင်ထားပေမဲ့ ယခုအလုပ်ဟာ အရင်အချိန်ပိုင်းအလုပ်ထက်တောင်ပိုကောင်းပါသေးသည် ။
ဆိုင်က ပစ္စည်းတွေ အသယ်အချနဲ့ အစစ်အဆေးလောက်ပဲ ပင်ပန်းပြီး ခေါင်းကိုက်တာ ။
ကျန်တာကတော့ သူ့ဟာနဲ့သူ မတ်တပ်ရပ်လိုက် ပိုက်ဆံအမ်းလိုက်လုပ်နေရတာနဲ့ အဆင်ချောတယ်။

Xanny Where stories live. Discover now