Part -24

337 39 3
                                    

UNI

တီး တီး

နိုးစက်ရဲ့အလိုအလျောက်အချက်ပေးအသံလို ပဲ အလိုအလျောက်ပွင့်လာတယ့် မျက်လုံးတွေကသံချက်ပေးကိရိယာအတိုင်းဖြစ်လို့နေပါသည် ။ နေသားကျနေပြီဖြစ်တယ့် မနက်ခင်းအချိန် ခါမှာ အပြင်းကြောတောင်မဆန့် ပါပဲ ထထိုင်လိုက်သည်။

"ဝုတ်ဝုတ် !"

အခန်းထဲက ထွက်လာတာနဲ့ ရစ်ကီ က သူ့အမြှီးကြီးကို ယှမ်းကာ Soe Changbin ကိုထွက်ကြိုနေပြီဖြစ်သည် ။ ယနေ့က တနင်္ဂနွေနေ့ဖြစ်တာကြောင့် Mamma Mia အိမ်ကြီး ကိုသွားဖို့သူတက်ကြွနေတယ့်ပုံပင်။  မနက်စာ ကျွေးတာတောင်သိပ်မစားပဲ တံခါးဝ မှာ မိမိအထွက်ကိုရပ်စောင့်နေတာဖြစ်ပေသည်။ Changbin သွားတိုက်တံ ကိုယူကာ သွားတိုက်ဆေးကိုထည့်ပြီး မျက်နှာသစ်ခြင်းအမှုကို ပြုလုပ်နေလိုက်သည် ။ ယနေ့ တနင်္ဂနွေ နေ့ ဆိုပေမဲ့ Mamma Mia အိမ်မှာ အသစ်ရောက်ကောင်လေးနှစ်ယောက်ကလွဲပြီး ဘယ်သူမှမရှိပေ။  jisung က တနင်္ဂနွေနေ့ကိုလည်း အချိန်ပိုင်းအလုပ်ဆင်းခြင်းနဲ့ ပြီးဆုံးတော့ မိမိကအိမ်စောင့်ပေးရမှာ ။
အရင်က ထိုအိမ်ကိုမသွားဖြစ်ပေမဲ့ jisung ရောက်ပြီးတွင်တော့ တနင်္ဂနွေ တစ်ရက်၊ တစ်ပတ်လျှင် တစ်ကြိမ်ပုံမှန်သွားဖြစ်တော့သည် ။ လူမရှိဘူး ဟုအကြောင်းပြပြီး Mamma Mia အိမ်မှာ မိမိအချိန်တွေကိုအထီးကျန်စွာ ကျော်ဖြတ်ခြင်းက အကျင့်တစ်ခုဖြစ်လာသည် ။ နှစ်ယောက်သား ရဲ့နှလုံးသား ရင်းနှီး မြုပ်နှံ့ရာ နေရာ အချစ်သက်သေထူထောင်ထားတယ့်နေရာမို့ Changbin တော်ရုံ သံယျောဇဉ်မဖြတ်နိုင်ဖြစ်ပေလိမ့်မည် ။

နာကျင်စိတ် မုန်းတီးစိတ် တွေ ရှိနေပြီး အဲ့အိမ်သို့သွားရင် ထိုခံစားချက်ပေါင်းစုံက အနည်ထိုင်နေရာက ကျောက်ခဲတစ်လုံးပြုတ်ကျသလို ပြန် အနည်ထသွားသည် ။ ဒါကိုပဲ changbin တစ်ယောက် ဘဝကပေးတယ့် လက်ဆောင်ဟုသတ်မှတ်ထားတာ ပင် ။

မနက်စာ စားလိုက်ဖို့ တွေးလိုက်ပေမဲ့ ရစ်ကီက မနေနိုင်မထိုင်နိုင် ကို ထိုအိမ်လေးဆီပဲ သွားချင်နေတယ့်အခါ လမ်းမှာသာ စားဖို့ဆုံးဖြတ်မိသည် ။
အရပ်ဝတ် အနွေးထည်အထူကြီးကို အောက်က ရှပ်အင်္ကျီအဖြူနဲ့ သာ ပေါ့ပေါ့ပါးပါးဝတ်ဆင်လိုက်တယ့် အခါ လူက သာမာန်ထက် ပိုလူကြီး ကြသွားသည် ။ မိမိအသက် ရှိစမှ၃၀စွန်း လေး‌ပါ သို့သော် လူတစ်ကာခေါ်တယ့် ဦးလေးကြီးဆိုသော် အသုံးနှုန်းကိုလက်ခံရရှိ ရသည် ။ ဦးလေးကြီးဆိုတာက လုံးဝကို ကလေးတွေကြားနာမည်တွင်သွားသည်ထင်ပါတယ် ပြီးတော့ မိမိရဲ့ ဗျစ်တောက်တောက် ပါးစပ်ကြောင့်လည်း ဦးလေးကြီးလို့ထင်သွားကြတာ
အေးပေါ့လေ အသက်ပဲ ၃၀ပြည့်နေပြီပဲဟာ ဦးလေးကြီး ပေါ့ ဦးလို့အဖျားစွန့်ခေါ်ရင်တောင်လှသေး တယ် ။

Xanny Where stories live. Discover now