Part -23

385 44 8
                                    

UNI

ရေမြုပ်တွေကို Bokie ခေါင်းပေါ် တင်ပေးလိုက် ပြီးတာနဲ့ ဆံသား နူးနူးညံ့ညံ့လေးတွေကို မိမိလက်ချောင်းများဖြင့် ပွတ်လိုက်ကာ အမြုပ်ပွားအောင်လုပ်လိုက်သည် ။ ဆံသား လေးတွေကို လက်နှစ်ဖက်ဖြင့် နယ်နေရင်း ဦးရေပြားကို နိပ်နယ်ပေးတော့ ဇိမ်ခံတတ်တယ့်ကြောင်ပေါက်လေးက ငြိမ်ခံနေလေသည်။
ရေဗန်းကိုဖွင့်လိုက်ကာရေဆေးချလိုက်တော့ ဦးရေပြားပေါ်က ဆပ်ပြာမြုပ်တွေသည် ပျောက်ကွယ်ကုန်ပြီး နူးညံမွှေးအီနေပါသော ဆံပင်လေးကို ရရှိသွားသည် ။ တစ်ပတ် နှစ်ရက်လောက်ပဲခေါင်းလျော်ဖြစ်ပေမဲ့ Bokie ရဲ့ ဆံသားလေးတွေက ‌အစင်းကောင်းသလို မဲနက် ၏ ။

Sam နဲ့တော့မတူ ပဲ အရောင်မကူးပဲထားတယ့်ဆံပင်မို့ နည်းနည်းလေးသာ ပိုရှည်လာရင် ကောင်းမယ်ဟုတွေးနေမိသည် ။ Sam ဆံပင်ကတော့ အရောင်အကူးအပြောင်းနေ့ည မရွေးလုပ်နေတယ့် ခေါင်းမို့ ဆံပင်က ထင်သလောက်မကောင်းပေ ။ ဦးရေပြားခြောက်သွေ့မှုလည်းများတာကြောင့်အမြဲ ဆီလူးရသည် ။

အခုမှသာ Sam အရောင်မဆိုးပဲနေတော့တာဖြစ်ပြီး မိမိရဲ့ ရွှေရောင် သမ်းနေပါသော ဆံပင်အရောင်တွေ ဟာလည်း ဖျော့ဖျော့လေးသာ ကျန်နေတော့တာဖြစ်သည် ။ အရောင်ချွတ်ပြီး အမဲဆိုးလိုက်ချင်ပေမဲ့ ချွေတာရေး လုပ်ရမှာမို့ Sam ဆံသဆိုင်ဘက်တောင်မလှည့်ပေ ။

ပြီးရင် Sam က ဆံပင်ဆိုင် ဆိုရင်တောင် အရမ်းရွေးတတ်တာဖြစ်သည် ။ နာမည်ကြီး တယ့် ဆိုင်တွေမှာသာ ဈေးကြီးပေး လုပ်ခိုင်းမှ ကောင်းသည်ဟု ထင်မိသည့်အတွက် အတော်ကုန်ကျမည့်စရိတ်ကို Sam မလုပ်ပေ ။ အရောင်ဆိုးရင်တောင် ဆေးရောင် ကအစ ဘယ်လောက်ကောင်းမှ ရွေးတတ်တာ မို့ အခုဆံပင် ကိုလည်း အရောင်မွဲတယ့်အထိထားဖို့သာ စိတ်ပိုင်းဖြတ်လိုက်သည် ။

ဘာပဲဖြစ်ဖြစ် ဒီအရောင်ဆိုးခဲ့တုန်းကလည်း ဈေးကြီး ပေးခဲ့ရတာပဲမလား
ဈေးအတိုင်းတန်အောင် ထားရမှာပဲ ။

Sam Bokie ကို ရေမိုးချိုးပြီးတာနဲ့ ရေချိုးဇလုံထဲက ခေါ်လိုက်တော့ ရေထဲက ထလာတယ့် ကောင်လေးက အရင်လိုကိုယ်တုံးလုံးနဲ့မဟုတ်ပေ ။ အောက်ကို ‌ဘောင်းဘီ အတိုတစ်ထည် ဝတ်ပေးထားတာကြောင့် Sam အတွက်တော့ မျက်နှာပူစရာ မရှိ။

Xanny Where stories live. Discover now