Part -29

314 34 6
                                    

UNI

"အိုးမိုး ... ဟုတ်သားပဲ လူရှိနေတာ "

Changbin တစ်ယောက် အခန်းထဲ အရင်က ဓါတ်ပုံ အဟောင်းများအား ထုတ်ကြည့်နေတုန်း လူဝင်လာတယ့်အသိကြောင့်လှည့်ကြည့်လိုက်တယ့်အခါ မိမိရှိနေတာကို လည်း ဝင်လာမှ သတိထားမိသွားတယ့် ကောင်လေးနဲ့ ဆုံသည်။ Seungmin သည်လည်း ဝင်လာကာ မှ အနှောက်အယှက်ဖြစ်သွားသလို ကြောင်ကြောင်အအနဲ့ ။
ပစ္စည်းမျိုးစုံနဲ့ ပိတ်ထည် ကို လက်ထဲ ကိုင်လာတာကြောင့် အခန်းထဲ ထားထားတယ့် စက်ချုပ်ခုံဆီ အလုပ်လာလုပ်မှန်း Changbin သိလိုက်သည်။
ဝင်ရနိုးနိုး ပြန်ထွက်ရနိးနိုးဖြစ်နေတာကြောင့်

" ရတယ်လေ လာခဲ့ပါ အလုပ်လုပ်မှာပဲဟာ "

"... ဟုတ် "

ထိုအခါ အခန်းထဲ ဝင်လာပြီး သူ့စက်ချုပ်ခုံနေရာဆီ သူသွားကာ အလုပ်လုပ်နေသည်။
Chnagbin ကြည့်လျက်စ ဓါတ်ပုံ album အုပ်ကိုပိတ်ရင်း အံဆွဲထဲ ထည့်သိမ်းလိုက်သည် ။
သိပ်မကြာလိုက်ပါ အခန်းထဲ တိတ်ဆိတ်နေသော လေထု ထဲ စက်ချုပ်သံလေးက စည်းချက်ညီညီ ကြားလိုက်ရလေတော့သည်။ 
ဒီအခန်းထဲ မဝင်တာကြာသောကြောင့်သော့ပိတ်ထား ခဲ့ပေမဲ့ Seungmin ကိုဝင်ခွင့် ပေးလိုက်တယ့် အချိန်ကစပြီး အခန်း ဟာလည်း လူနေတယ့်အတိုင်း လေထုကအစ လတ်လတ်ဆတ်ဆတ်ရှိနေပါသည်။  မဝင်တာကြာသောကြောင့် ဖုံတွေများတက်နေမလား တွေးမိပေမဲ့ ရှင်းလင်းနေတယ့်အခါ ဒီကောင်လေးပဲ အခန်းရှင်းပေးထားတာ လားဟုတွေးမိသည်။ 

အိမ်က သူရောက်တာနဲ့ကစပြီး အိမ်နဲ့တူလာတာကိုတော့ Changbin အသိအမှတ်ပြုရမှာပင်။  ဘာပဲဖြစ်ဖြစ် ယောင်္ကျားလေးတွေကြီးပဲနေတယ့်အိမ်ဟာ တစ်နည်းမဟုတ် တစ်နည်း ရှုပ်ပွနေမယ်ဆိုပေမဲ့ ဒီကောင်လေးကတော့ သူအလုပ်မှာပါမက အိမ်အလုပ်မှာပါ စေ့စေ့စပ်စပ်နိုင်လှသည် ကြောင့် တစ်ခါတစ်လေ ဂျယ်ဂျူးက အမေတို့ အမတို့အုပ်စုတွေများ အိမ်ပေါ်တက်ပြီး ခိုးရှင်းပေးထားသလားတောင်းမှတ်ရလေ ပါသည်။  မိမိမိသားစုအကြောင်းတွေးမိမှ စက်ချုပ်နေတယ့်ကောင်လေး ဘက်အတွေးရောက်မိသည်။

" မင်း "

ခေါ်လိုက်တော့ လှည့်ကြည့်လာတယ့် မျက်ဝန်းများက မိမိ ကိုနားစွင့်နေသယောင်။  စက်သံသိပ်မကျယ်ပေမဲ့ စက်ချုပ်သူက တော့မကြာလောက်ဘူးထင်ထားခဲ့တာ ပင် ဒါမဲ့ ကောင်လေးက မိမိအသံကိုချက်ချင်းကြားတော့ ပြောဖို့စကားကိုတွန့်ဆုတ်မနေတော့ပဲ

Xanny Kde žijí příběhy. Začni objevovat