Part -18

419 54 5
                                    

𝖴𝖭𝖨

Sam ဘေးက သီချင်းလေး တစ်ညည်းညည်းဖြင့် လိုက်ပါလာတယ့်ကောင်လေးကိုကြည့်ရင်း အနည်းငယ်ကြောက်နေသော စိတ်လည်း ပျောက်ကွယ်သွားသည် ။ Bokie လက်ကလေးကို ကိုင်ထားတော့ပြန်ဆုပ်ကိုင်တယ့်လက်ကလေးဟာ ပြုံးရွင်စွာရေဒီယိုက လာတယ့်သီချင်းသံကိုငြီးတွားနေလေ သည် ။

အရာရာ အသစ်အဆန်းဖြစ်တော့မယ်မိမိအတွက် စိတ်ကိုကြိုတင်ပြင်ဆင်ထားပေမဲ့ Bokie ကိုပါ ဒီ ဒုက္ခတွင်းထဲ ရောက်အောင်ဆွဲသွင်းမိရင်ဆိုတယ့်အတွေး တွေကအခုကြမှ ဝင်လာတော့ ကားမောင်းနေရင်းနဲ့တောင်အသိစိတ်မကပ်နိုင်ပေ ။
သို့သော် ဘေးမှာ မိမိရဲ့ ‌ခွန်းအားလေးရှိသည် ဖြစ်၍ အခုတော့ ကြောက်စိတ်တွေကင်းဝေးသွားလေသည်။ ဘယ်လို အခက်အခဲတွေပဲ ကြုံတွေ့ပါစေ ဆရာ့အပေါ် ကိုမကျရောက်စေရဘူးဟူသော ယုံကြည်ချင်းဖြင့် အစ်ကို Chan ငှားပေးသွားတယ့်အိမ်ကို မောင်းလာလိုက်သည်။ ဒါက မိမိအစ်ကိုနဲ့မိသားစုဝင်တွေရဲ့အကူအညီကိုနောက်ဆုံး ရယူခြင်းဖြစ်ပြီး bokie ကိုခေါ်လာတယ့်အချိန်က စလို Sam ကိုယ့်အားကိုယ်ကိုးရတော့မှာဖြစ်သည်။
ဘယ်သူ့အကူအညီမှ မယူပဲ တောင့်မခံနိုင်တော့ရင် အန်တီနဲ့သဘောတူခဲ့တယ့် စာချုပ်မှာ မအောင်မြင်ကြောင်းလက်မှတ်ထိုးကာ Sam ဆရာ့အနားကနေ အပြီးအပိုင်ထွက်ခွာရတော့မှာပင်ဖြစ်၏ ။

အချိန် ၇လအတွင်း တောင့်ခံနိုင်ရမယ်
ထို့အတူ အချိန် ၇လအတွင်းမှာ Bokie ပြန်ကောင်းလာရင် Sam Bokie နဲ့ တစ်သတ်လုံး အတူပျော်ရွင်စွာနေထိုင်သွားရမည် ။

အန်တီနဲ့ သဘောတူထားခဲ့တယ့်ကိစ္စဟာ မလွယ်ကူခဲ့ပါ ။ အန်တီက Bokie ကို Sam ခေါ်သွားတယ့်တစ်လျောက်လုံး မိသားစုဝင် သူငယ်ချင်း မိမိနဲ့ပက်သက်တယ့်သူမှန်သမျှဆီကအကူအညီတစ်စိုးတစိမရယူပဲ စောင့်ရှောက်နိုင်ကြောင်းသက်သေပြရ မည်ဟု ပြောပြီး Sam ရဲ့ ရယူပိုင်ခွင့်နဲ့ မေမေ တို့ရဲ့ သားအဖြစ်မှ ၇လစွန့်လွတ်မှုတွေ ပေးဆပ်ခဲ့ရသည်။ ဒီပေးဆပ်မှုတွေက Sam အတွက် မကောင်းပေ သို့သော် အန်တီ တောင်းဆိုတယ့်အချက်တွေကို သဘောတူနိုင်မှ ခေါ်သွားရမည်ဟု ပြောလာတော့ Sam ခေါင်းညိတ်ခဲ့မိတော့သည် ။

Xanny Where stories live. Discover now