Part -31

332 39 8
                                    

UNI

Changbin တစ်ယောက် မိမိအား လာမကြိုနဲ့ တော့ပြောသော ထိုကောင်လေးရဲ့ စာကြောင့် ရုတ်တရက်ကြီး ဘာဖြစ်လို့လဲဆိုသော အကြောင်းအရင်းကိုမေးချင်သွားသည်။  ဒါမဲ့လည်းသူအတွင်းရေးဆိုတာ ရှိစမြဲလေ သူ့ကိစ္စနဲ့သူရှိမှာ ဖြစ်တာကြောင့် ဖုန်းကိုပိတ်ရင်းသာ သက်ပြင်းချလိုက်သည်။

"အိုက်ဂူး ဘာလဲ အဲ့ဒါ ? မသိရင် နေမကောင်းဖြစ်နေတယ့်ကျွန်တော်ကပဲ ဝန်းထုပ်ဝန်းပိုဖြစ်နေတယ့်အတိုင်းပဲ .... အစ်ကို Seungmin ကို သွားကြိုချင်တယ်ဆိုရင်လည်း သွားပါ ကျွန်တော့်ဘေး မှာ Bokie တစ်ယောက်လုံးရှိတယ် ၊ ဘာလဲ သက်ပြင်း ချပြီး စိတ်မရှည်သလိုလိုနဲ့ "

" ဒီကောင်လေးတော့ .... ငါသွားကြိုချင်ရင် အခုထဲက ထွက်ပြီးနေပြီလေ "

"အခုက မကြိုချင်ဘူးလား ?"

" မကြိုချင်တာတော့မဟုတ်ပေမဲ့ ကာယကံရှင်က လာမကြိုတော့ဖို့ပြောထားလို့ဘာဖြစ်တာလဲ တွေးပြီး သက်ပြင်းချနေတာ ဟေးးး "

" အောင်မလေ အစ်ကို Soe Changbin တို့တော့ အချိန်အများကြီး အားနေတယ်ထင်ပါ့ ... ဆိုင်ကိုတောင်ပိတ်ပြီး သူများအကြောင်းတွေးနေတတ်သေးတာ ဘယ်ကတည်းက စိတ်ဝင်စားသွားတာလဲ "

"မင်း မင်း ဘာကိုပြောတာလဲ ဟေ့ကောင် "

" ဘယ်ကတည်းက လူတွေအကြောင်းစိတ်ဝင်စားသွားတာလဲပြောတာပါ ဟဲဟဲ "

"...."

"...."

ဆိုဖာတွင်ထိုင်နေရင်း သက်ပြင်းချတယ့်အသံကို jisung မိမိအနောက်ဘက်ကနေကြားနေရပေမဲ့လို့ ထပ်၍ သာ မရယ်မိအောင်နေလိုက်ရင်း ဖြင့် Bokie နဲ့အတူ အရုပ်ဆက်တယ့်ဂိမ်ဆော့နေလိုက်တော့သည် ။ အစ်ကိုကြီးက အရမ်းရိုးသားတာ သူရဲ့စိတ် အစဉ်ကို ပါးစပ်က ထုတ်မပြောရင်တောင် မျက်နှာနဲ့ သူ့အမူအယာက နေမြင်ရသည်အထိ ရိုးအတယ့်လူဖြစ်လေ၏။  အချစ်နဲ့ပက်သက်ရင်ရိုးအတယ့် လူမျိုးလေ ခ်ခ် ။

"ပြန်ရောက်ပါပြီ "

အိမ်ရှေ့ဘက်ဆီက ထွက်လာတယ့်အသံကြောင့် changbin အခုမှစိတ်ချနိုင်သွားကာ မတ်တပ်ထရပ်လိုက်သည်။ မတ်တပ်ရပ်ပြီးမှ ကိုယ့်အခြေအနေ ကိုယ်ပြန်သိပေမဲ့ မတတ်နိုင် ပေ။  အမြန် တံခါးဝနားသွားလိုက်ပြီး သည်နှင့် Seungmin အားကြိုဆိုလိုက်သည်။ သို့သော်ငြား တွေ့လိုက်ရသော မဖိတ်ခေါ် ထားတယ့် ဧည့်သည့် တစ်ယောက်ကို Seungmin အနောက်ကတွေ့လိုက်ရသည် မို့ Changbin သည်လည်း ပြုံးနေတယ့် မျက်နှာကိုအတတ်နိုင်ဆုံးတည်ထားလိုက်တော့သည်။  Seungmin နဲ့ အသိများလား ?...။ 

Xanny Where stories live. Discover now