Part -35

313 37 5
                                    

UNI

" မင်းအတွက် အရမ်းအဆင်မပြေဖြစ်သွား တယ်ဆိုရင် ငါ့ဘက်ကပဲ တောင်းပန်ပါတယ် "

လမ်းအတူလျောက်နေရင်း ကဘေးနား ကပ်လျှက်ပါလာသော ဦး Soe ရဲ့ တောင်းပန်သံ ။
Seungmin ခေါင်းခါပြကာ ရပါတယ် ပြောရရလွန်းလို့ ခေါင်းကြီးပါပြုတ်ထွက်နေရော့မယ်။ စိတ်ထဲက ခံစားချက်တွေကို ဖုံးကွယ်ရင်း အလိမ်အညာတွေနဲ့ ရပါတယ်ပြောရတာ Seungmin အတွက်လည်းခက်ပါတယ်။  ဘာလို့ဆို့ Kim Seungmin ကိုယ်တိုင်ကကို ထိုသို့သော် ဦးရဲ့ ပိုင်ဆိုင်သူဆိုတယ့် သတင်းအမှား အပေါ် ပျော်နေမိသော် ကြောင့်ပါပဲ ။

နှစ်ယောက်သား ပခုံးချင် ယှဉ်ရင်းလမ်းလျောက်နေရတယ့်အခါ တစ်ခါတစ်လေ ပခုံး ချင်းတိုက်တယ့်အခိုက် တန့်တွေသည် Titanic ကြီး ရေခဲတောင်ကြီးအား ဝင်တိုက်မိသလိုမျိုး ရင်ထဲ လှုပ်ခပ်သွားတယ့်နှလုံးသားအရှိန် မျိုးလိုပင် ။
တွေးရင် မိမိတို့ရောက်နေတယ့် မြို့ပြလယ်က အလည်အပတ်နေရာတွေကို ရင်ခုန်နေတယ့်အတွေးလေး ပျောက်လို့ပျောက်ငြား ‌လည်ပင်းလေးလှည့်ကြည့်မိသည် ။

" ကမ်းခြေ လေး သွားချင်တာ "

ကမ်းခြေ ထင်မှတ်၍ အဝတ်အစားကအစ ပေါ့ပေါးပါးပါးဝတ်ခဲ့ပေမဲ့ တကယ့်တကယ်တော့ ပင်လယ်ဘက်ကိုဟုတ်မနေတော့ လည်း ထိုသို့လေး အတွေးက စကားပြောလာပါ၏။ 

" နောက်တစ်ခါ ခေါ်သွားပေးမယ်လေ "

ဦးရဲ့ ဘေးက လမ်းအတူလျောက်နေရင်း ဂရုမစိုက်သလိုလုပ်နေပြီးမှ ခပ်ပေါ့ပေါ့စကား
Seungmin ရယ်လျက်ခေါင်းခါလိုက်သည်။

" ဘယ်နေ့လည်း "

ခေါ်သွားမယ်ဆိုတော့လည်း ဦးဆီက မက်မက်မောမော ဂတိလေးတစ်ခုတော့ တောင်းသွားချင်ပါ၏ ။ ငြင်းမနေတော့ပဲ အထွန့်တက်မေးလေတော့ တစ်ချက်မျှ စဉ်းစားနေတယ့် ဦးက နောက်ဆုံး

" မင်းအားတယ့်နေ့ပေါ့ "

" တကယ် "

" အွင် "

" ဒါဆိုရင်တော့ Lee yongbok တို့ကို အဝတ်အစားတွေပြင်ခိုင်းထားရတော့မယ်ထင်တယ် ... ကျွန်တော်က နောက် တစ်လလောက်ဆို အားလောက်ပြီ "

Xanny Where stories live. Discover now