Part -8

487 64 9
                                    

𝗨𝗻𝗶

ဂေါက် ဂေါက် ...!

" Sam ..."

"....."

"အိပ်ပြီလား ?"

"....."

"မင်း မအိပ်သေးဘူးဆိုတာ သိတယ် ၊ ငါမင်း
ဂိမ်းစက်ကအသံ ကြားနေရတယ် "

Sam ကျစ် ခနဲ‌နေအောင် လုပ်လိုက်ရင်း ထလာလိုက်သည် ။ တံခါးနားမရောက်ခင်မှာပင်

" မင်း ထွက်မတွေ့ချင်ဘူးဆိုလည်း ထားပါ ၊ ငါလည်း ဒါတွေ ပြောရမှာ embarrass ဖြစ်လို့ ဒီကနေပဲပြော တော့မယ် "

Sam တံခါးနောက်ကထိုစကားကြောင့် လက်ကိုင်အား ဖွင့်ဖို့ လုပ်လိုက်တယ့်လက်တို့လေပေါ်မှာရပ်တန့်သွားသည် ။
ဆက်လက်၍ အသံတိတ်ကာနားထောင်နေလိုက်ကာ သူဘာပြောမလဲဆက်စောင့်ကြည့်နေမိသည် ။

" ငါ ... ငါ တောင်းပန်ပါတယ် "

ထိုစကားကြားအပြီးမှမယုံနိုင်ဖြစ်ရသူက Sam ပါပဲ ၊ Sam အသံတိတ်လှောင်ဟားမိသည်
ဘာလို့အခုချိန်ကြမှ လာတောင်းပန်ရတာ
ကျုပ်ဆိုးချင်တိုင်းဆိုးပြီးသွားမှ ခင်ဗျား ဘက်က နှစ်နစ်အကြာ မှာ ဒီ စကားတစ်ခွန်း ကို ဆိုတယ် လား ၊ ကျုပ်ဘဝကို လုပ်ချင်တိုင်းလုပ်သွားပြီးတယ့်အခါကြမှ ဒီလိုစကားကို လွယ်လွယ်ထွက်နိုင်တယ် ဆိုတော့ ခင်ဗျားက တကယ် မကောင်းဆိုးဝါးပဲ။

" ငါသိတယ် ငါလွန်တယ်ဆိုတာ ၊ မင်း ဘဝ တစ်စိတ်တစ်ပိုင်းကို သေရာပါသွားမယ့် ဒဏ်ရာ မျိုးကိုငါပေး ခဲ့ ရလို့ ငါ့ကိုယ်ငါလည်းခွင့်မလွတ်တာ ကြောင့်မင်းလည်း ခွင့်လွှတ်ပေးဖို့မလိုဘူး Sam ... ငါမှားပါတယ် ငါတောင်းပန်ပါတယ် ... အရာအားလုံး ငါထင်ထားသလိုဖြစ်မလာပဲ တစ်စစီဖြစ်ခဲ့တယ့်အတွက် "

" ခင်ဗျား ..."

အခန်းထဲက Sam အသံကြောင့် Yongbok တံခါးကိုကျောပေးကာ ထိုင်နေမိရင်းက ထိုတံခါးလေးအား လှည့်ကြည့်လိုက်သည် ။ တံခါးလက်ကိုင်ကို မထိရက်ပါပဲ တံခါး ‌မှာသာ လက်တင်လိုက်ပြီး တစ်ဖက်က  ဘာပြောမလဲ ဆက်စောင့်ကြည့်နေလိုက်၏။

" တောင်းပန်တယ်ဆိုတယ့် စကားတစ်ခွန်းက ဘာကိုမှ ပြန်ပြင်ပေးလို့မရဘူးဆိုတာ သိတယ်မလား "

Xanny Where stories live. Discover now