Part -22

412 45 7
                                    

UNI

ခေါင်း က တစ်ယောက်ယောက် ရိုက်နှက်ထားသလိုကိုထိုးပြီး ကိုက်ခဲနေတာဖြစ်သည် ။ ထချင်ပေမဲ့ မူးဝေနေတယ့်ခေါင်းဟာ အရက်နာကျနေမှန်းသိသာအောင် ကို ကိုက်နေတာမို့ မျက်လုံးတွေကို ဖြေးဖြေး ဖွင့်လိုက်ပြီး သာ ခဏလောက် ငြိမ်နေလိုက်သည် ။ နိုးနေပေမဲ့ ချက်ချင်းသာ ထလိုက်ရင် ဦးနှောက်သွေးကြောပင်ပြတ်နိုင်တာကြောင့် မထသေး ပဲ နေရာမှာပင် ပက်လက်နေရတုန်း မိမိမျက်နှာကျက် ကြီးက တစ်ခုခုပြောင်းနေတာကိုသတိထားမိလိုက်သည် ။

မျက်နှာကျက်က ပြောင်းသွားတယ်
ငါ့အိမ်ကိုငါပြန်ရောက်ခဲ့တာလား ? ဒါမှမဟုတ် တစ်ခြားတစ်ယောက်အိမ်မှာများ အိပ်မိတာလား ?
ဒါရိုက်တာကြီးတို့တွေပဲတွေ့ပြီး သူတို့တွေထဲကတစ်ယောက်ယောက်က သူတို့အိမ် ကို ငါ့ခေါ်ခဲ့တာလား ?
အတွေးတွေနဲ့ မျက်လုံးနှစ်ဖက်ကိုပွတ်လိုက်သည်။  သူတို့ ကလည်းငါ့ကိုအိမ်လိုက်ပို့မယ်ဆိုတာ မဖြစ်နိုင် သူတို့အိမ်ဆိုတယ့်အချက်တစ်ခုကိုသာ မျက်နှာကျက်အားကြည့်ပြီးခန့်မှန်းလိုက်သည် ။
အခန်းတစ်ခန်းထဲရောက်နေတာဖြစ်ပြီး Hotel လားလို့ထင်လိုက်မိတယ့်အချိန်

ဖြတ် ဖြတ်

အခန်းအပြင် က လူခြေသံ
ဟုတ်လောက်တယ် ငါ တည်းခိုခန်းမှာရောက်နေတာပဲဖြစ်မယ်။ 
ခြေသံကို သန့်ရှင်းရေးဝန်ထမ်း တွေ အထင်ဖြင့်ပင် Seungmin လည်း ခဏလောက် ‌ခေါင်းကိုက်ပျောက်အောင်နေရာမှ မထပဲ အိပ်နေမိသည် ။
တည်ခိုခန်းလို့လည်း မခံစားရတယ့်ဒီနေရာက ဘယ်နေရာပါလိမ့်နော် ...

"‌ Bokie ချောင်းကြည့်မနေနဲ့လေ "

Seungmin မျက်လုံးတွေ နာမည်တစ်ခုကြောင့် အလျင်သင့်သလိုပွင့်သွားသည် ။

" ချောင်းကြည့်ပါဖူး "

" ကိုကို့ အနားနေလေ ... Sam က ဧည့်သည်အတွက် ဆန်ပြုတ်ပြုတ်ပေးနေတာ ၊ အစ်ကိုကြီး ဧည့်သည်ကို အဲ့လိုသွား မနှောက်ယှက်ရဘူး "

Bokie?? Sam ?? ဒါ ဒါ Lee yongbok နံ့ သူ့ကလေး မလား !

"Bokie မနောက်ယှက်ပါဖူးရော် ... Bokie က ချောင်းပဲကြည့်တာ "

" အဲ့ဒါကြောင့် Bokie ကို ချောင်းမကြည့်နဲ့‌လို့ စောနက ပြောနေတာလေ "

Xanny Where stories live. Discover now