Part -10

599 65 6
                                    

𝐔𝐍𝐈

Samuel တစ်ယောက် ကားထဲ ဘေးကျပ်နံကျပ် ဖြစ်နေ တယ့်အချိန်မှာပဲ ကားထဲက ရတယ့် ထိုလူရဲ့ ကိုယ်သင်းနံ့ကြောင့် လူကအနေအထိုင်ခက်လာသည် ။
ရုပ်ရှင်ကြည့်မယ်ဆိုတာ ဒီလို ကိုယ့်ကားထဲကိုယ်နေပြီး အရှေ့က ပိတ်ကားကြီးမှာ ဖလင်နဲ့ပြတယ့် ရုပ်ရှင်ကို ကြည့်တာ ဟုမှ မသိပဲ။ အနောက်နိုင်ငံကဇတ်ကားတွေလို ကားထဲ ရုပ်ရှင်ထိုင်ကြည့် ရတယ်မှန်း သာ သိရင်မလိုက်ဘူး ရယ် ။
မိမိအထင်က အဲကွန်းအေးအေးလေးနဲ့ marvel ရုပ်ရှင်လေး များကြည့်ရမလားလို့လေ
ဒီလူ သပ်သပ် ဉာဏ်များတာ ။
တွေးပြီးဘေးက လူကိုကြည့်တော့ ရုပ်ရှင်ကားကိုသာ စိတ်ဝင်တစား ကြည့်နေ လေတာကြောင့် မိမိမှာ မတတ်သာတော့တယ့်အဆုံး အိပ်သာ အိပ်နေလိုက်သည်။
ကား ပြတင်းပေါက်ဘက် ပျင်းပျင်းရှိတာနဲ့ မျက်လုံးတွေ ကို ရွေ့လိုက်တော့ ကားအပြင်ဘက်မှာ လည်း ကားအများစု က ဘေးပတ်ပတ်လည် စီတန်းပြီး ထိုဖလင်ဖြင့်ပြထားတယ့်ပိတ်ကား ထံမှ ဇတ်ကားကိုစိတ်ဝင်တစားကြည့်နေကြသည်။
တစ်ချို့ ကားထဲမှာတော့ ဇတ်ကား ကြည့်နေကြတယ့်အစား သူတို့ရဲ့ Movie ကိုသူတို့ဘာသာရိုက်နေတာတွေမြင်တာကြောင့် Sam မျက်လုံးတွေကိုသာ အလျင်အမြန်လွဲရသည်။
လုပ်ချင်ရင် အိမ်မှာ လုပ်ကြတာမဟုတ်ဘူး
လူမြင်ကွင်းမှာ သောက်အတွဲတွေ

ခပ်ချဉ်ချဉ်တွေး လိုက် ပြီးတာ နဲ့ မျက်လုံးတွေကို ပိတ်ကားကြီးဆီပို့ပြန်တော့လည်း ရုပ်ရှင်က ဟိုးရှေးခတ်က ကား ဖြစ်တာကြောင့် အပျင်းကြီးမှုဟာ နှစ်ဆ ဖြစ်သွား တော့သည် ။

" ခင်ဗျားက ဒီလို Movie တွေကြိုက်တာလား ?"

ဘေးဘက်က Sam အမေးစကားကြောင့် သူ့ဘက်လှည့်လိုက်တော့မိမိကိုမကြည့်ပဲ ပိတ်ကား ကို မျက်ခုံးကြီးကုတ်ပြီးကြည့်ကာပြောနေ လေသည် ။ ဖြစ်နိုင်ရင်အမြဲတွန့်ချိုတတ်တယ့်မျက်ခုံးတွေကို Yongbok လက်နဲ့ကိုယ်တိုင်သာ ဖြောင့်တန်းပေးလိုက်ချင်တော့သည်။ Yongbok ခေါင်းညိတ်လိုက် တော့

" အဘိုးကြီး လိုလိုနဲ့ ... ဒီခေတ်မှာ အဲ့လို ခေတ်ဟောင်းကားတွေ ကြည့်တာ အသက် ၈၀ကျော်တွေပဲရှိတော့မယ် "

Xanny Where stories live. Discover now