Part -7

462 59 13
                                    

𝗨𝗻𝗶

"ဟက်ချိုး !"

နှာခေါင်းကိုလက်ဖြင့် အုပ်ပြီး နှာချေမိလိုက်တယ့် အခိုက် Yongbok ငါတော့ဖျားပြီဆိုတာ သိလိုက်ရသည် ။ ညနေက နေပူဒဏ်ကြောင့်ရော အရက်ရှိန်ကြောင့် မသက်မသာဖြစ်နေတယ့်အချိန် ချက်ချင်း အဲကွန်း နဲ့ထိလိုက်ရလို့ထင် တယ် Yongbok နှာစေးနေကာမှ ရေချိုးတာ ကြာသွားလို့ အခု နည်းနည်းလေး အေးလာ၏ ။
Aircon ပိတ်ထားတယ့်အခန်း အတွင်းမှာ တောင် ခန္ဓာကိုယ်က ကိုယ်လက်တွေကိုက်လာတော့ ညအိပ်ဝတ်စုံပေါ် မှာ အနွေးထည်ခပ်ထူထူ တစ်ခု ကို လွမ်းခြုံထားလိုက်သည် ။

ဆေးနည်းနည်းတော့ သောက်ထားရမယ်
အစားမရှိသေးတော့အစာ အရင်စားလိုက်ပါအုံးမယ် ။ တွေးရင်အခန်းအပြင်ထွက်ကာ Sam အခန်းရှိရာဆီသွား လိုက်ပြီး တံခါးအားခေါက်လိုက်သည်။

"Sam ဘာစားမလဲ ?.... ငါ ဘာချက်ပေးရမလဲ ?"

ထိုအခါ တံခါးချက်ချင်းဖွင့်လာတယ့် Sam ကြောင့် Yongbok မှာ အာမေဠိတ် ‌အသံတောင်ထွက်ပြီး လန့်သွားရ၏။

"အံမယ်လေး "

" သော့ရော ?"

"ဟမ်း "

" သော့ပွား လေ အိမ်ရဲ့သော့ ပွား "

ဒီအိမ်ရဲ့သော့အပိုနောက်တစ်ချောင်းအားမေးတော့ Yongbok လည်း မျက်နှာထားကို ဘားမှမဖြစ်သလို ပုံစံ အတတ်နိုင်ဆုံးထားလိုက်သည် ။ ဒီ Sam နဲ့တော့ Yongbok လည်း အလိမ်ပညာကို တစ်ဖက်ကမ်းတတ်မြောက်တော့မယ်ထင်ပါတယ် ။

" ဘယ်သိမှာလဲ မင်းပဲကိုင်ထားတာမဟုတ်ဘူးလား ?"

"...ကျစ် ! ကဲထားလိုက်တော့ ကျုပ်ကိုအိမ်သော့ခဏပေး "

"ဘာကိစ္စ "

"အပြင်ထွက်မလို့ပေါ့ ဗျ"

Yongbok ခေါင်းကိုခါလိုက်ကာ

" မပေးဘူး "

" ဘာရယ် "

" Party သွားမှာမလား "

"ဟုတ်တယ်လေ သွားနေကြပဲဟာ "

" မပေးနိုင်ဘူး ... မင်းရဲစခန်းထပ်ရောက်တယ့်အဖြစ် ငါအဖြစ်မခံနိုင်ဘူး Sam ၊ ငါလည်း နေကောင်းနေတာမဟုတ်တော့ အဲ့လိုကိစ္စတွေထပ်ဖြစ်ရင်ငါတာဝန်ယူနိုင်ဖို့ခက်လိမ့်မယ် "

Xanny Where stories live. Discover now