Part -37

361 43 13
                                    

UNI

" မင်း ငါ့ကိုအဲ့လို တစ်ကိုယ်ကောင်းဆန်သလို ဟန်ဆောင်နေတယ့်စကားတွေ လာမပြောနဲ့နော် Kim Seungmin !!"

" ခင်ဗျားလည်း ကျွန်တော့်ကို မအော်နဲ့ !!!"

ထပ်၍ ထွက်ကျလာသော အသံအဆုံး မျက်ရည်တစ်ပေါက်သည်လည်း မြေခ လျက် ။

" ကျွန်တော် ကရော အဲ့လိုဖြစ်စေချင်နေတယ်များထင်လား ? ဘာပဲဖြစ်ဖြစ်အကူအညီတော့ယူရမှာပဲလေ အနည်းဆုံးသူ မိဘတွေကိုအသိပေးသင့်တယ်မထင်ဘူးလား ! ခင်ဗျားက ဘာလို့ ကျွန်တော့် ကို အရင်လူတွေ ပြောသလိုလေသံနဲ့ အော်နေရတာလဲ ၊ ကျွန်တော် ဘာအမှားလုပ်မိလို့ ခင်ဗျား က အဲ့လို အော်နေရတာလဲ !! ကျွန်တော် က အမြဲ အပြစ်ရှိနေတာလား ? ကျွန်တော်ကြီးပဲ ပြဿနာတိုင်းရဲ့ အရင်းအမြစ်လို့ တစ်သက်လုံးစွပ်စွဲနေတော့မှာလား !! ကျွန်တော့် ဘက်ကို ဘာလို့တစ်ယောက်မှာ မကြည့်ပဲ အမြဲအပြစ်တင်နေရတာလဲ !!!"

အခုပြောနေတာ  ကျွန်တော့် သူငယ်ချင်း အကြောင်းဟုတ်မနေပါဘူး ....

ဒါကိုကျွန်တော် သတိထားမိတယ့်အခိုက်မှာ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေတာကို လက်ဖြင့်သယ်ဆည်းလိုက်ပြီး အခန်းထဲ ပြေးဝင်လိုက်သည်။ 
အခန်းထဲရောက်မှ အိပ်ယာပေါ်တက်ရင်း စောင်ကိုခြုံကာဖြင့် တားဆီးခဲ့သမျှ မျက်ရည်တွေအား ကျဆင်းစေလိုက်တော့သည်။ နားလည်ပေးမယ်ထင်ခဲ့သော နှလုံးသားတစ်စုံသည်တောင် Seungmin ဘက်ကဟုတ်မနေခဲ့တာ Seungmin အချစ်ကိုယုံစားဖို့အတွက် နှလုံးသားလေးအား ထပ်၍ မရင်းရဲပါတော့ ဘူး ။

"ဟင့် !Soe Changbin မကောင်းတယ့် လူကြီး "

" Sam "

ဆေးရုံးကုတင်ပေါ်က jisung အသံ ကြောင့် လူနာစောင့်နေရင်း Sam ဘာလဲဟုမေးဆတ်ပြလိုက်တော့

" မင်းတို့နှစ်ယောက် အဆင်ပြေရဲ့လား ?"

" အွင် ပြေပါတယ် "

တကယ်ဆို မပြေပါဘူး
ယခုထိ ဆေးရုံး ကို jisung ရောက်နေတာ သုံးရက်လောက်ရှိတော့မယ်ဆိုပေမဲ့ Sam Bokie နဲ့ လုံးဝ မတွေ့ရသေးပေ ။ မတွေ့ရတာထက် တွေ့ခွင့်မပေးကြတာ ပိုမှန်လေမလား အမေကလည်း ခဏလောက် ‌သွားမတွေ့ပါနဲ့ တားထားတာက တစ်ကြောင်း ပြီးတော့ အန်တီတို့ဘက်ကလည်း မလာပါနဲ့လို့ ပြောထားတာ တွေကြောင့် အခုထိ မတွေ့ရသေး ။ အဲ့ဒါက လွဲပြီး Bokie နဲ့မိမိက အဆင်ပြေတော့ အေးပေါ့အကုန်အဆင်ပြေတာပေါ့ ။

Xanny Where stories live. Discover now