Part -28

318 37 3
                                    

UNI

" Sam သွားပြီလား "

အထဲသို့ဝင်လာတယ့် jisung နဲ့ Bokie ကိုကြည့် ရင်း က Sam သွားပြီလားဟု အစ်ကို Seungmin ကမေးလေတော့ Jisung ခေါင်းညိတ်ပြလိုက်ရင်း

" ဆံပင်ညှပ်ပြီး တစ်ခါထဲ သွားတာ အစ်ကို "

" ဟုတ်လား... အဲ့ဒါဆိုအစ်ကို Bokie ကို အခန်းထဲ ခေါ်သွားမယ်နော် "

ပြောရင်း မိမိဘေးတစ်ဖက်က Bokie လက်ကို သူ့ဘက်ဆွဲလိုက်သည်ကြောင့် jisung လမ်းတစ်ဝက်မှာ အစ်ကို Seungmin လက်ကို နေအုံးဟု ဆိုကာ လှမ်းတားလိုက်သည်။

" အစ်ကို Bokie ကို သရေစာတွေ Sam မသိအောင်ခေါ်ခေါ်ကျွေးနေတာမလား ... "

"မဟုတ်ပါဘူး "

" ဘယ်ကမဟုတ်ရမှာလည်း Sam ကလည်း Bokie ထမင်းမစား လို့ လမ်းမှာတောင် ဆေးဝယ်တိုက်ရမလား ပြောနေတယ် "

" အံမယ် သူများ သူငယ်ချင်းကို ဘာဆေးတွေတိုက်အုံးမလို့လဲမင်းတို့ ၊ ပြီးတော့ ငါ့ဟာငါ ငါ့ သူငယ်ချင်းလေး ကျွေးတာ အဆိပ်လည်ကျွေးတာမဟုတ်ဘူး ဘာလဲ မင်းမကျွေးလို့ မနာလိုနေတာလား "

" မဟုတ်ပါဘူးနော် "

"အဲ့ဒါဆို ဖယ် ... "

ပြောရင်း Bokie ကိုသူ့အခန်းထဲ မ ချသွားတာ တားချိန်တောင်မရလိုက်။  Sam ကမသွားခင်လေးတင် အစ်ကို Seungmin ဆီ Bokie မပါသွားစေနဲ့မှာခဲ့တာ ငါနှယ့် ဘယ်လိုလုပ်ရမလဲ ။
Jisung လည်း သုံးယောက်သားကြား ခေါင်းသာကုတ်ရင်း ဘန်ဂလို ထဲ အရင်ဝင်လိုက်သည် ။ ထမင်းစားချိန်ကြရင်တော့ Bokie နဲ့ ရော် အစ်ကို Seungmin နဲ့ပါ တိုက်ပွဲစရတော့မယ်။ 
အစ်ကိုက မုန့်တွေကျွေးလို့ Bokie က ထမင်းမစား
Bokie ကထမင်းမစား လို့ဆူ မယ်ဆိုရင် အစ်ကို့နာ ပြေးပြေးကပ်တာကြောင့် jisung လည်းဆူလို့မရ။  ပြီးရင် အစ်ကို Seungmin က အစ်ကိုကြီး Soe လိုပဲ စကားတအားများတာ

မျက်စိထဲ အမြင်မတင့်ရင် ပြောပြီး တစ်ခါတစ်လေ ဖြစ်စေချင်တယ့် မိမိအပေါ်ဆန္ဒလေးများအားလည်း ပြောသေးတာ တကယ် တစ်ထပ်တည်း ။
သူတို့က ဖြစ်စေချင်လို့ပြောပေမဲ့ စကားက ပိုများနေသည်ကြောင့် jisung မှာ သူတို့နဲ့ သိပ်မျက်နှာချင်းမဆိုင်ရဲ ။တစ်ခါတစ်လေဆို အစ်ကို Seungmin က Sam ကိုပါပြောသေးတာ လေ ။
Sam က Bokie ကိုထမင်းမစားလို့ဆူမယ်လုပ်ရင် မင်းကြ မုန့်ထုပ်တွေ စားပြီး Lee yongbok ကြ မစားရဘူးလာဆိုတယ့် Sam ရဲ့ဆေးလိပ်ဖြတ် သရေစာ မုန့်တွေ ဖြင့်ကိုင်ကိုင်ပေါက်သည်ကြောင့် Sam သည်လည်း မိမိနည်းတူ ခေါင်းငုံ့ ထားရတယ့်နေ့တွေရှိလေသည်။
ပြောရဲဆိုရဲ တာကြောင့် အစ်ကိုကြီး Soe တောင်တစ်ခါတစ်လေ သူ့အပြောက မလွတ်တယ့်နေ့တွေရှိလေသည် ။

Xanny Where stories live. Discover now