Part -32

336 35 3
                                    

UNI

" ဒီနား "

" အဲ့နားလား ?"

" အွင် ! "

မေးစေ့အောက်နား လက်ညိုး ထိုးပြတယ့်အခါ ညွန်ပြရာအတိုင်း ရိတ်တယ့် လက်တွေက ကြိုးတန်းပေါ်လျှောက်‌နေရသည့်အတိုင်း ။ ယုံကြည် မှုနဲ့ပဲ လက်ညိုးညွန်ရာနား ရိတ်လိုက် သည့် အခါ မှန်ကိုပိတ်ရင်း သူကိုယ်တိုင် မှန်လုပ်နေတယ့် Bokie လေးက မိမိ နှုတ်ခမ်းအပေါ် ဘက်က ဘားမှမရှိတယ် နှုတ်ခမ်းမမွေးပေါက်ရာ နေရာအား လက်ညိုး ထိုးပြ လေသည်။

" ဒီ ‌..ဒီနေရာ လား ?"

ခေါင်းညိတ်ပြတယ့်အခါ လုပ်သင့်သလား Bokie ကျောပေးထားတယ့် နရံကပ်မှန် ကို ကြည့်လိုက်ရင်း စစ်လိုက်သည်။

" အဲ့နေရာ က အမွေးမရှိဘူးလေ Bokie ကလည်း "

" ဟီးး "

" ရယ်မနေနဲ့ ပြီးရင် Bokie လည်းရိတ်ရမယ် "

" ဟင် ?"

Shave လုပ်ပြီး၍ နှုတ်ခမ်းနဲ့မေးစေ့ ထက်က အမြုပ်များအား ရေဖြင့်ဆေးကြောလိုက်သည်။ 

" Bokie မလုပ်ဖူး "

" ဘာလို့မလုပ်ရမှာလဲ ... အသန့်ကြိုက်တယ်မလား ? အသန့်ကြိုက်ရင် လူကြည့်ကောင်းအောင်တော့နေရမှာပေါ့ ၊ Bokie ဦးလေး Soe ကိုပဲကြည့် လူကြီးဖြစ်လာတာတောင် သန့်သန့်ပြန့်ပြန် နေတာ အဲ့လိုနေရမှာပေါ့ အဲ့ဒါမှ ကောင်မလေးတွေ က Bokie ကို ချစ်ကြမှာလေ "

" ဟင် ... Bokie ကောင်မလေးချစ်တာမခံချင်ဖူး ... ကောင်မလေးတွေက ချစ်ရင် ပါးကိုနမ်းတာ "

" ဘယ်ကောင်မလေးနမ်းတာလည်း ?"

Bokie စကားကြောင့်မနာလိုဖြစ်သွားသူက Sam ၊ ကြားကြားချင်း သွားရှင်းမယ်ဟုတွေးလိုက်ပေမဲ့ သူငယ်တန်းတုန်းက Bokie ပါးကိုနမ်းတာ ဆိုတာ ရှင်းပြ၍ Sam စိတ်လျော့ရပြန်သည်။ 
Bokie အတန်းဖော်တွေကတော့မဟုတ်တော့ဘူး ကိုယ်တောင်မဦးမချွတ် မနမ်းရသေးတယ် ပါးဖောင်းဖောင်းလေးကို ငယ်ငယ်ထဲက လက်ဦီးသွားတာလား ... လက်နှေးလိုက်တယ့်ငါ ဒါမှန်းသိရင် ငယ်ငယ်ထဲက Bokie ကိုပြေးရှာပြီအပိုင်သိမ်းပစ်လိုက်တယ် ။

" ဘာပဲဖြစ်ဖြစ် Sam လုပ်ပေးမှာမို့ငြိမ်ငြိမ် နေ "

ထိုစကား နဲ့အတူ shave  လုပ်ရလွယ်အောင်  အမြုပ်များ ကို ပါးစပ်နဲ့မေးစေ့အနီးတစ်ဝိုက် ပွတ်ပေးလိုက်သည် ။

Xanny Where stories live. Discover now