Part -26

353 43 8
                                    

UNI

လွန်ခဲ့သော ၃နှစ် ကဖြစ်သည်။

" ဒီကောင်လေးကို ဘယ်ကရှာလာတာလဲ သားရယ် "

လက်ကိုဆုပ်ကို ကာ ပြောတယ့် အဖွားရဲ့ အသံက တောင်းပန်တိုးလျှသံတွေပါနေသည်။ ဘေးနားတစ်ဝိုက်က လူအားလုံးရဲ့အကြည့်ကြားမှာ မျက်နှာငယ်စွာ ဖြစ်နေပေမဲ့ ဟန်ဆောင်ထားသော မျက်နှာဖုံးအောက် အပြုံးပန်တွေ ပွင့်နေလေသည် ။ Yongbok ကိုယ်လုပ်ချင်ရာ လုပ်ခဲ့ရလို့ ပျော်သည်။  တစ်ဘဝ လုံး အားလုံးရဲ့ မျက်နှာတစ်ချက် ကိုကြည့် ပြီး မိမိဘဝကို တစ်ပြေးထဲ သွားလမ်းအတိုင်းဖြတ်သန်းခဲ့တယ့် yongbok ဟာ ယခုတော့ အမှတ်မထင်ဖြစ်ပျက်သွားခဲ့တယ့် လက်ထပ်ပွဲကြောင့် အားလုံးရဲ့ သေသပ်ကာ အရုပ်သဖွယ်ထုဆစ်ထားတယ့် မျက်နှာလှလှများအား ဖျက်ဆီးမိသလို ဖြစ်ပါပြီ ။
ဝမ်းနည်းနေပေမဲ့ ဝမ်းသာနေခြင်းက အဖွားကိုအရှက်ရစေမလား ၊ မေမေ့ကို ဒုက္ခပေးမိပြီးလား ၊ ညီမလေး မျက်နှာညိုးမလား ၊ စတာတွေကိုတောင်မ‌တွေးနိုင်တယ့်အထိ ထိုဝမ်းသာမှုလေးက အရောင်တောက်တော့ နောက်မဆုတ် နိုင်ပဲ အရှက်မရှိစွာ အဖွားရဲ့ တုန်ယင်နေတယ့်လက်အား ကိုင်မိပြီး တောင်းပန်ပါတယ်ဟု ပြောဖြစ်သည်။ 

အမြဲတောင်းပန်နေကြ တောင်းပန်စကားတွေက ယနေ့တွင်တော့ ပျော်ရွင်ခြင်းများပါသည်။ ပိုင်ဆိုင်ရခြင်းဟု အမည်တပ်ရမည့် လက်ထပ်ပွဲတွင် ပိုင်ဆိုင်ခြင်းဟူသော အမှတ်တံဆိပ်တပ် လက်မှတ်တစ်ခုထဲနဲ့ Sam ကို အရုပ်ကလေး တစ်ရုပ်သိမ်းသလို Yongbokသိမ်းပစ် လိုက်ပြီ ။  မှားသွားလား မမှားဘူးလား Yongbokမစဉ်းစားနိုင်ဘူး
မမျော်လင့်တယ့်အတွေး မျိုးစံုကြောင့် လက်လွတ်ရမှာကြောက်တယ့် Yongbok ..ဘဝတစ်လျောက်လုံး Sam ကို ရယူဖို့ အရှက်မခြင်းဟူသော သတ္တိကိုမွေးခဲ့ရပြီ ။ မမျော်လင့်တယ့် မိမိရဲ့ Sam ကို လက်ထပ်ခြင်း က နှစ်ဖက်လုံးအတွက် အကြီးအကျယ် ပွဲတိုက်သွားတယ့်အခြင်းအရာ တစ်ခုဖြစ်သည်။

လက်ထပ်ပွဲမလုပ်ခင် သေချာစဉ်းစားဖို့ ပြောတယ့် မိဘတွေကိုတောင် မခါဖူးပါသော ခေါင်းအား ခါကာ ငြင်းဆန်ခဲ့ပြီးပြီး ၊ အဖွား ရဲ့ တားမြစ်မှုဟာလည်း Yongbok အတွက်တော့ ရေကိုကတ်ကြေးနဲ့ဖြတ်သလိုပဲ မဖြတ်နိုင်ပါဘူး ။
မေမေကပြောတယ့် လူငယ်တွေက တစ်ခါတစ်လေ ချစ်မိတယ်လို့ ထင်သွားတယ့်အခိုက်တွေအများကြီးပါပဲ တယ့် ... တကယ်နာကျင်နေတိုင်းအချစ်မဟုတ်ဘူး ဆို တယ့် မေမေရဲ့ စကားတွေက အဖြေပြန်ပေးဖို့ခက်သလို အဖြေအတွက်လည်း မစဉ်းစားနိုင်ပေ။  Yongbok က ကိုယ်ဖြစ်ချင်ရာ ကိုယ်လုပ်မိခဲ့တာ
Sam က Yongbok ပဲပိုင်ရမှာ ...
လောဘကြီးမိတယ် ဘဝတစ်ခုလုံး လိုချင်မိခဲ့တယ့် ဖြစ်တည်မှုလေးမို့
‌သဘောကျမိတယ် သူ့ရဲ့ ကြောက်ရွံ့နေပေမဲ့ ရှေ့တိုးရဲတယ့် သတ္တိကို
တစ်ဘလုံးစာ နားထောင်ချင်မိတယ် ဆရာလို့ ခေါ်တယ့် အသံလေးကို

Xanny Where stories live. Discover now