Part -4

543 63 18
                                    

𝙐𝙣𝙞

Yongbok ပါတီတစ်ခုလုံး ဝိုင်တစ်ခွက်ဖြင့်ပြီးနေချိန် ဝယ် ဘေးက Seungmin ကတော့ ရေချိန်တော်တော်ကိုက်နေပြီ ဖြစ်ပြီး မိမိ ပခုံးပေါ်အိပ်တောင်နေလေသည် ။
ဘာလို့ ဒီလောက်ထိ အစ်ကို Chan ပါတီကိုလိုက်ချင်နေတာလဲ Yongbok မသိ။
မနေ့က Yongbok ပါတီအကြောင်းစကားဟမိမှ သူ့ပါခေါ်ဟူ၍ Seungmin ကအတင်းအကျပ်တောင်းဆိုတော့တာ ၊
သူပါတော့လည်း မပျင်းရဘူးဆို ပေါ့ ဟူသောစိတ်နဲ့ခေါ်ခဲ့ပေမဲ့ ဒီရောက်တော့မသောက်စဖူး အရက်တွေသူသောက်ပြီး မိမိပခုံးပေါ်မှာမှောက်နေလေပြီလေ ။

" Yongbokie"

"အွင်းး"

ရုတ်တရက်ပခုံးပေါ်ကနေ ဆတ်ခနဲ ခေါင်းမော့လာပြီး မိမိနာမည်ကိုခေါ်တယ့် Seungmin ကြောင့် Yongbok လည်း လိုက်လျောစွာ ပြန်ဖြေလိုက်သည်။

"မင်းကတကယ် ကံကောင်းတယ့်သူပဲ "

"ဟုတ်လား ?"

"မင်းက ငါတွေ့ဖူးသမျှ လူတွေထဲမှာကံအကောင်းဆုံးသောသူပဲ "

"အွင်ပါ "

"ငါလေ ငယ်ငယ်ထဲကမင်းကိုအားကျခဲ့တာ သိလား ၊ ငယ်ငယ်ထဲက မင်း နေပုံထိုင်ပုံလေး တွေကိုလိုက်အတုခိုးပြီးငါနေခဲ့ရတယ့်အထိ မင်းကို အားကျခဲ့တာ "

သူ့လက်တွေကို လှုပ်စိလှုပ်စိ လှုပ်ပြရင်း မိမိနေပုံထိုင်ပုံက ဘယ်လောက်ထိ အားကျဖွယ်ရာကောင်းကြောင်းပြောသည် ။

" မင်းရဲ့ ကြီးကြီးတတ် ချမ်းသာလွန်းတယ့်မိသားစုကြီးကိုလည်း ငါအားကျခဲ့ရတယ် ၊ ကျောင်းမှာ မင်း စာလိုက်နိုင်တယ် ထူးချွန်ကျောင်းသားဖြစ်တာကိုလည်း ငါအားကျတယ် မင်း ရဲ့ အလုပ်မှာ တော်လွန်းတယ့်အရည်အချင်းတွေကိုလည်းအားကျတယ် ၊ သိလား ငါဆို အလုပ်မှာလေ မင်းလို မနေရဘူး ... ငါ့ကိုဆို မန်နေဂျာကြီးကအရမ်းအလုပ်ခိုင်းတာပဲ သူ့ရဲ့အမှိုက်ပစ်တာကအစ သူ့ကော်ဖီခွက်ဖျော်ခိုင်းတာအဆုံး ငါကအကုန်လိုက်လုပ်ရတာ ၊ သူတစ်ယောက်ထဲရဲ့ကော်ဖီခွက်တင်မဟုတ်ပါဘူး ... တစ်ခြားစီနီယာတွေရဲ့ ညနေစာ ၊နေ့လည်စာ ၊ နောက်ဆုံး ညဘက်သောက်တယ့်အထိ ငါကအောက်ခြေသိမ်း ကျနေတာပဲသိလား "

Xanny Kde žijí příběhy. Začni objevovat