Part -20

434 48 4
                                    

𝖴𝖭𝖨

" အဆင်ပြေလား ?"

"ရတယ် "

ဗီရိုကို မနိုင်မနင်းသယ်နေပြီ ရတယ် ပြောနေတယ့် အုန်းသီးကြောင့် Han လည်း သူ့အနားသွားကာ ဗီရိုရဲ့ ခြေထောက် ကို အောက်ကနေပင့်မလိုက်တော့သည် ။ လိုချင်တယ့်နေရာဆီ အတူဆွဲသွားပေးလိုက်ပြီး နေရာရောက်တာနဲ့ ပစ္စည်းအား ချ လိုက်သည်။

" မင်း ... အသက်ဘယ်လောက်လဲ ? "

မောမော နဲ့ မေးတယ့် အုန်းသီး ကေနဲ့တစ်ယောက်က နေရာချဖို့ လုပ်ထားတယ့် စားပွဲခုံ တွင် လက်တစ်ဖက်ထောက်ပြီး Han အားမေးလေတော့ သူ့အနားသွားရင်း ရေဗူးကမ်းပေးလိုက်သည်။ ရေဗူးကိုမော့သောက်နေတယ့် လူက အပင်ပန်းသိပ်မခံနိုင်မှန်းသိ၍ Han jisung လည်း ထိုလူလက်ထောက်ထားတယ့် စားပွဲကို မိမိဘာသာ မ'ကာ နေရာချလိုက်သည်။

"ကျုပ် အသက်က ... 20ပြည့်တော့မှာ "

" ဟ ! ကျောင်းသား အရွယ်ပေါ့ ကွ ၊ မင်းကျောင်းမတက်ဘူးလား ?"

အသက်က မိမိထက်တောင်ငယ်သေးတာ ကြောင့် Sam ဟား ခနဲ ဖြစ်သွား ကာ ထိုကောင်လေး အားမေးကြည့်တော့ ဟက်ခနဲ ရယ်သွမ်းစွတ်ရင်းဖြင့်

" ကျုပ် ကလား ကျောင်းတက်ဖို့ နေနေသာသာ ‌နိုင်ငံသား လက်မှတ်တောင်မရှိဘူး "

"ဘယ်လို ?"

" ကျုပ်က မလေးရှားက လာတာလေ ၊ ဒီနိုင်ငံကိုခိုးဝင်လာတာ "

Han ထိုသို့ပြောတော့ လန့်သယောင်မျက်လုံးပြူးသွားတယ့် ထိုလူဟာ ရယ်ချင်ဖွယ်ရာ ။

"ဟဲဟဲ စတာပါ ၊ ကျုပ်ကလည်း ခိုးဝင်ချင်လို့ဝင်ခဲ့တာမှမဟုတ်တာ ၊ အစက အေဂျင်စီတစ်ခု နဲ့တွေ့ပြီး ဒီမှာစာလာသင်မလို့ ... ဒီရောက်ရင် စရိတ်စက ကအစ အကုန်အကျခံနိုင်တယ့်အဲ့အေဂျင်စီအပေါ်မှာ ကျုပ်မိသားစုတွေက အယုံလွန်ပြီး ဆုထားသမျှ ပိုက်ဆံတွေကိုပေးပစ်ခဲ့ တာလေ ကျုပ် စာသင်ရဖို့အတွက်တစ်ခုတည်းနဲ့ပေါ့ ... ဒါမဲ့လည်းဗျာ ထင်သလောက်မှ မလွယ်ကူတာ ကျုပ် ဒီကိုရောက်တော့ လူကုန်ကူးခံရမလိုလိုဖြစ် သွားခဲ့ရတယ်လေ ၊ အေဂျင့်က ကျုပ်ကိုလိမ်ပြီးရောင်းစားသွားတာ တော်သေးတယ် အစ်ကို Soe  ကျွန်တော့်ကိုကယ်ခဲ့လို့"

Xanny Onde histórias criam vida. Descubra agora