Part -2

779 78 10
                                    

တီး တီး

ကုတင်တစ်ဖက်က နိုးစက်အသံကြောင့် မျက်မှောင်ကြုတ်သွား ရင်းက မျက်လုံးများကိုပွတ်လိုက်ရင်သာ Sam ကုန်းရုန်းထ လာလိုက်သည်။ ညကတည်းက စိတ်ကမကြည်လင်‌တာမို့အခုထိကြားနေရတယ့်နိုးစက် သံကို Sam စိတ်တိုလာရသည်။ ထိုကြောင့် ခြေထောက်ဖြင့် ကုတင်ဘေးစားပွဲပုပေါ်က နိုးစက်အား ကန်လိုက်သည်။ ညက ရန်ပွဲက မကြီးသလို သေးလည်းမသေးပေ အခက်မသင့်ရင် Sam ဓါးနဲ့တောင်အထိုးခံရတယ့်အခြေအနေမှာ ရှိ၏။
ပြုတ်ကျသွားတယ့် နိုးစက်ကတော့ တတီးတီနဲ့မြည်ဆဲမို့ ကောက်သာယူလိုက်ရင်းသာ အမှိုက်ပုံထဲပစ်ထည့်လိုက်သည် ။ ရေချိုးခန်းထဲ ဝင် ပြီး မျက်နှာကိုသစ်ကာ မှန်ထဲကိုယ်မျက်နှာကိုယ်ပြန်ကြည့်လိုက်တော့ မနေ့ကရခဲ့တယ့် နဖူးဘေးက ဖူးယောင်နာ
တွေးကြည့်မှ မနေ့ည ရန်ဖြစ်တုန်းက မိမိ‌ေခါင်း အား အရက်ပုလင်ဖြင့် ခွဲခံလိုက်ရတာကို သတိရမိသွားသည် ။ တောက် ! ရဲသာမလာရင် ငါတို့အုပ်စုနိုင်နေပြီ ကို ဘယ်ကောင်ဖုန်းဆက်လိုက်လဲမသိ ။
Sam စဉ်းစားရကြပ်နေစဉ်ပဲ အခန်းထဲကဖုန်းက အသံမြည်လာ ၏ ။ Sam အခန်းထဲပြန်ဝင်ကာ ဖုန်းကိုကိုင်လိုက်တော့ သူငယ်ချင်းများက ကျောင်းသို့မြန်မြန်လာဖို့ဆက်တာ။ Sam လည်း အချိန်ဆွဲမနေတော့ပဲ အဝတ်အစားအမြန်ကောက်ဝတ်ရင်း အပြင်သို့ ထွက်လာခဲ့သည် ။ တံခါးဝ သို့မသွားမှီ ဧည့်ခန်းထဲက အထွက်မှာ တော့ နို့တစ်ခွက် ‌‌နဲ့အသားညှပ်ပေါင်မုန့်တစ်လုံးချပေးထားကို မြင်လိုက်သည် ။ ဗိုက်ဆာ နေပေမဲ့ ဥပေက္ခာ သာ ပြု လိုက်ရင်း အပြင်သို့ ထွက်ခွာခဲ့သည်။

ကွန်ဒိုအပြင် က ထွက်အပြီး ရရာ ကား တားဆီးမယ်ဟု ဆုံးဖြတ်ထားသော စိတ် သည် မြင်နေကြ luxury ကားအနီ ရောင် အား မြင်လိုက်ရအပြီးမှာတော့ ခြေလှမ်းတို့ ရပ်တန့်သွားသည်။ ဒီလူ အခုထိအလုပ်မသွားသေးတာလား ?

တွေးနေခိုက် အနားသို့ရောက်လာတယ့် ကား က မိမိ ရှေ့ မှာတင်ထိုးရပ်သည် ။
Sam သက်ပြင်းချလိုက်ကာ မျက်မှောင်အားကုတ်လိုက်တော့သည် ။
မနက်စောစော မမြင်ချင်တယ့် လူကိုပထမဆုံးမြင်လိုက်ရတာ ကျက်သရေတုံးလိုက်တာ
တကယ် Sam ဘဝက ကံအဆိုးတရားတွေနဲ့ ကြီးပဲဖြစ်တည်နေတာပဲ ။
Sam တွေးနေတုန်း ကားမှန်က ကြလာပြီး ထိုလူ မျက်နှာပေါ်လာသည်။ Sam မျက်လုံးတို့ကို လမ်းမဘက်သာ အကြည့်ပို့လိုက်သည်။

Xanny Where stories live. Discover now