Part -9

466 64 7
                                    

𝐔𝐍𝐈

Seungmin အကင်အိုးကို မီးသွေး လေးနည်းနည်း ထပ်ဖြည့်လိုက်ပြီးတယ့်နောက် ကျက်နေပြီးသား ဖြစ်တယ့် အသားအား တူဖြင့်လှမ်းညှပ်လိုက်သည် ။ မိမိအရှေ့မှာထိုင်နေတယ့် အစ်ကို Chan ဆီ မှာ အသားမရှိတော့တာကြောင့် Seungmin လည်းထိုအသားအား သူ့ပန်းကန်ထဲ လှမ်းထည့်ပေးလိုက်၏ ။ ဘာပဲဖြစ်ဖြစ် ခင်နေတာပဲဟာ အသားလေးထည့်ပေးရုံနဲ့ဘားမှမဖြစ်သွားပါဘူး ။

"ကျေးဇူးပဲ "

Chan မိမိ ပန်းကန်ထဲ အသားကင်ကို လှမ်းထည့်ပေးတယ့် Seungmin ဆီကြည့်လိုက်ကာ ပြုံးရင်းပြောလိုက်သည်။ မိမိရှေ့က သူကတော့ မိမိကို ခွေးပေါက်လေးအတိုင်းဟီးခနဲပြုံးပြရင်းဖြင့် အကင်အိုးထဲ အသားကင်တွေ ထည့်နေလေတော့သည် ။ Chan အသားသိပ်မစားတာကြောင့် Seungmin ဘေးက Yongbok ဆီ ထိုအသား လှမ်းထည့်ပေးလိုက် သည် ။ နေမကောင်းဘူးဆိုတော့အသားများများစားရမယ်လေ ၊

"အာ .. ကျေးဇူးပဲ "

Yongbok အစ်ကို့ကို ကြည့်ပြီးထိုစကား ကိုပြောလိုက်သည်။ နေမကောင်းဖြစ်နေ၍ အသား က ‌မစားချင် ၊ ထိုအချိန် မိမိရှေ့ကSam က အသားကင်အိုးထဲ တူဖြင့်လှမ်းနှိုက်ဖို့ပြင်နေတုန်း မကျက်သေးတာကို တွေ့သည်ကြောင့်လက်တွန့်သွားလေသည် ။ Yongbok တွန့်ဆုတ်ခြင်းအလျင်းမရှိ မိမိအသားအား သူ့ပန်းကန်ထဲ ထည့်ပေးလိုက်၏ ။

မိမိအား မျက်မှောင်ကုတ်ကာ ကြည့်လာတယ့် မျက်ဝန်းတွေကိုရယ်သာပြရင်း

"စားလေ "

ဟု ပြောလိုက်တော့ ဆူပုတ်ပုတ်ဖြင့် ထိုအသားအား ယူစားလေ သည်။ Yongbok မှာတော့မိမိအရှေ့က စားနေသောက်နေပါသော မျက်နှာလေးအား ကြည့်ပြီး အားအင်တွေပြည့်လျက် ။

ဘေးက Seungmin မှာတော့ပါသွားတယ့် မိမိအသားဖက်အား နှမျောရမလိုလို ...
ကျန်နှစ်ယောက်ကိုပဲ ထွက်သွားဟု အော်ထုတ်ရမလိုလိုဖြစ်နေလေသည်။

" Yaa Lee yongbok "

"အွင် "

ကောင်တာတွင်ပိုက်ဆံရှင်းပေးနေရင်းက အအေးဝယ်နေတယ့် ဘေးက Yongbok အား နှစ်ကိုယ်ကြား ခေါ်လိုက်တော့ မော့ကြည့်လို့လာသည်။

Xanny Where stories live. Discover now