Part -15

426 54 4
                                    

𝘜𝘕𝘐

မိမိရှေ့လာပြီး လက်ထပ်စာချုပ်ပျောက်သွားပြီဟု ခပ်တည်တည်ပြောတယ့် Sam ကြောင့် yongbok အမေ မျက်ခုံးပင်ပင့်မိသွားတော့သည် ။ မိမိမွေးရင် မိမိ သား လောက်ပဲရှိတယ့် ကောင်လေးတစ်ယောက်ရဲ့ ဉာဏ်က ဘယ်လောက်ထိ များ ပြေးနိုင်မှာလည်း
ဘာတွေလုပ်နေလဲဆိုတာ သိတာပေါ့
Sam က မိမိသားနဲ့ မကွာရှင်းပေးချင်ဘူး ဆိုတယ့်သဘော ဆောင်နေတာကို သိပေမဲ့ ဘာလို့များမကွာရှင်းပေးချင်ရတာလဲ ?

အဲ့တစ်ချက်ကို yongbok အမေ နားမလည်ပေ ။ Sam ဆိုတာသားနဲ့ပက်သက်လို့သာ မိမိတို့နဲ့မေးထူးခေါ်ပြော အဆင့်ပဲရှိပြီ ကုန်ကုန်ပြောရရင် မိမိသားနဲ့အဆင်မပြေတယ့်သူမဟုတ်လားလေ ၊ နောက်ဆုံးအထိ တွယ်ကပ်နေတယ့် မိမိသားဖြစ်သူကြောင့်သာ Sam ကို အားနာပြီ သားအမိနှစ်ယောက် ရန်ဖြစ်ကြတယ့်အထိဖြစ်ကုန်တာမလား ။
နောက်ဆုံး Sam ရဲ့ ဘဝကိုပါထည့်တွက်ပေးဖို့ပြောရတယ့်အထိ မိမိသားအားလက်လွတ်ဖို့ဖြောင်းဖျ မှ အချိန်တစ်ပတ်လောက်ပေးပါဟု Bokie တစ်ယောက်တောင်းဆိုသွားခဲ့တာပေ။

အဲ့အထိ Sam ဆိုတာ မိမိသားနဲ့ကွာရှင်းလိုက်ရင် သူလိုချင်တယ့်လွတ်လပ်မှုကို သူရသွားကာ ပျော်ရွင်တယ့်ဘဝနဲ့နေထိုင်သွားမယ် ဟု Yongbok အမေ က တွေးထားခဲ့တာလေ ၊ အခုအဲ့လိုမဟုတ်ဘူး ပဲ ဘာလို့များ ကွာရှင်းစာရွက်ကို ဖျောက်ပစ်ခဲ့ရတာလည်း ?

" သား တကယ်ပျောက်ခဲ့တာ ပါနော် "

"ဟုတ် အန်တီ "

Sam က ခေါင်းညိတ်ပြတော့လည်း yongbok အမေ ကော်ဖီခွက်ကို ချ လိုက်ပြီး မိမိ အခန်းရှိရာဆီ သွားလိုက်ကာ ကွာရှင်းစာချုပ် ‌ပွားနောက်တစ်ခုကို ထပ် ပေးလိုက်တော့သည် ။ သူ့ရှေ့ ကွာရှင်းစာချုပ်နောက်ထပ်တစ်ခု ထပ်ရောက်လာတော့ Sam မျက်နှာက ထပ်လန့်သွားသည့် သယောင် ၊ မျက်ခုံးများပင်ကြုံ့သွားလေ ၏ ။

" ပျောက်သွားတယ်ဆိုတော့ ဒီမှာ အရင်လက်မှတ်ထိုးထားလည်းရတယ် ... နောက်ကြမှရှေ့နေတွေနဲ့ခေါ်ပြီး ဒီလက်မှတ်ကိုအစစ်လုပ်ပေးမယ် "

"အန်တီ "

"အွင် "

"ကျွန်တော် လက်မှတ်မထိုး နိုင်ဘူး "

Xanny Where stories live. Discover now