Part -21

392 43 1
                                    

UNI

"Bokie!"

Bokie ကိုလှမ်းခေါ်လိုက်တော့ စတော်ဘယ်ရီသီး စိုရွဲရွဲကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ စားနေရင်း Tvကို ကြည့်နေတယ့်မျက်လုံးလေးတွေက မိမိဆီ ရောက်လာသည် ။

"Sam !!!"

Bokie က စတော်ဘယ်ရီးသီးကို ခွက်ထဲ ပြန်ချ လိုက်ပြီး မိမိဆီပြေးလာကာ မိမိ ခါးကို လာဖက်သည်။

" အစ်ကိုကြီး ဘယ်ထဲက ရောက်တာလဲ "

Han တစ်ယောက်အိမ်ထဲ ဖိနပ်ချွတ်ပြီးဝင်လာရင်းက အစ်ကို Soe ကိုတွေ့တော့ဝမ်းသာအားရစွာသူ့အနားသွားထိုင်ပြီးမေးလိုက်သည်။

" ညနေမှ ရောက်တာ မင်း အတွက်နေ့လယ်စာ လာပေးရင်း ဒီကောင်လေးနှစ်ယောက်ကိုလာကြည့်တာလည်းပါတယ် "

ထိုစကား ကြောင့် Sam မျက်မှောင်တွေကုတ်မိသည် ။ ဘာလဲ ဒီဘိုးတော် သူ့အိမ်ကပစ္စည်းတွေပျောက်မှာကြောက်လို့လား ? ၊ ခပ်ချဉ်ချဉ်တွေးတေားနေတုန်း မိမိ ကို ဖက်ထားတယ့် Bokie သည်

" Sam နောက်ကျတယ် "

" ဟေး ...အာ ကားတွေပိတ်နေလို့ပါ "

ပါးပြင်လေးကို ခပ်ဖွဖွ ပြန်ဆုပ်ကိုင်ကာ ပြောတယ့်အခါ Bokie က ခေါင်းလေးတစ်ချက်သာ ညိတ်ရင်း မိမိ ခေါင်းကို တစ်ချက်ပုတ်ကာ

"ဒီနေ့ လည်း ငါတို့ Sam လေး တော်ခဲ့တယ် "

ဟူပြောပြန် သည်။  ထိုစကားလေးကြောင့် ငြောင်းငြာချင်သလို ဖြစ်နေတယ့်ခန္ဓာကိုယ်သည် စိတ်အစာဓာတ်ကလေးကိုရရှိသွား ပြီး ခွန်အားအပြည့် ဖြစ်သွားသလိုတောင်ခံစားရလိုက်သည်။ Sam လည်း ရေချိုးရမှာဖြစ်တာမို့ jisung နဲ့ထိုလူကြီးကို ဧည့်ခန်းထဲမှာပဲထားခဲ့လိုက်ကာ Bokie နဲ့ အခန်းထဲသို့ဝင်သွားလိုက်သည် ။ SEO changbin ဆိုတယ့်လူကြီးကိုနှုတ်ဆက်လိုက်ရမလားဟု အတွေးဝင်မိပေမဲ့ လက်ပေါက်ကပ်လွန်းတာမို့ မပက်သက်ချင် ။

Changbin နဲ့ jisung တို့ ဧည့်ခန်းထဲ ကနေ သူတို့အခန်းထဲ ဝင်သွားကြတယ့်နှစ်ယောက်သားကိုကြည့်ရင်းက အစ်ကို ကြီးက အရင် မိမိပေါင်ကိုလက်နဲ့ တို့ပြီး

"တကယ် အဲ့တစ်ယောက်က သူငယ်ပြန်သွားတာ ဟ "

ဟု တီးတိုးပြောလေသည်။  ကြည့်ရတာ jisung တို့ မရှိတယ့်အချိန် Bokie ကို အိမ်ရောက်တုန်းအကဲခတ်ပြီးသွားပြီထင် ။ Han လည်းခေါင်းညိတ်လိုက်ပြီး

Xanny Where stories live. Discover now