Part -12

528 54 4
                                    

𝗨𝗡𝗜

"မလိုက်တာ သေချာလား ?"

" အွင် ...ကျွန်တော် အိမ်ရှင်းရအုံးမယ် "

Sam ကမလိုက်တာ သေချာမှတော့ Yongbok လည်း နို့ခွက် နဲ့ မနက်စာကို Sam ထိုင်နေတယ့် စားပွဲမှာ သာ ချ လိုက်ရင်း မိမိလည်း တစ်ဖက်တွင်ကော်ဖီ တစ်ခွက် ဖြင့်မနက်စာ စားလိုက်သည် ။ ကော်ဖီသောက်နေရင်း အိမ်အနှံ့ကိုလှည့်ပတ်ကြည့်ရှု့လိုက်တော့
မိမိမနေ့ကဖွခဲ့တယ့်အရှုပ်ဇယားများ အားလုံး ဟာ မျက်စိထဲဝင်ရောက်လာသည် ။
ငါဖွခဲ့တယ့် ကိစ္စတွေ Sam က လိုက်ရှင်း ပေးရမှာ Lee yongbok မင်းတကယ်ဆိုးတာပဲ
Yongbok Sam ကိုအားနာ၍ ကော်ဖီခွက်ကို ချပြီးတာနဲ့

" ပြန်လာရင်အတူတူ ရှင်းကြမယ်လေ ... "

ဟု ပြောလိုက်သည် ။ ထိုအခါ Sam ကလည်းခေါင်းညိတ်၏ ။

"မင်းလည်း ကျောင်းသွားရမှာမလား ငါနဲ့အတူတူလိုက်ခဲ့ "

"ရတယ် ကျွန်တော်ဒီနေ့ ကျောင်းမသွားဘူး မနေ့ညက အိပ်ရေးပျက်ထားလို့ "

Sam က ပြောပြီးတာနဲ့ တစ်ချက် ဝါးခနဲသန်းလိုက်သည်။ ပြီးနောက် ခုံပေါ် ပါးပြင်အပ်ရင်း မျက်လုံးတွေကို မှိတ်ကာ မှေးတေးတေးပြောသည့်စကား Yongbok ကတော့ခြေချောင်း တွေပါကုတ်မိသွားသည်။ မနေ့ညက .... အဲ့ဒါကြောင့် လား သူ ?
Yongbok ခေါင်းအမြန် ခါရင်း ကော်ဖီကိုတစ်ချိုင့်ထဲ မော့လိုက်သည်။ Sam ရဲ့ ပြောင်းလဲလာတယ့် ခန္ဓာကိုယ်အရွယ်အစားသည် လွန်ခဲ့တယ့်နှစ်နစ်ကထက် စာရင် အများကြီး တိုးတက်လာသည် ဟု Yongbok တွေးမိသည်။
ဘာလဲ ငါဘာတွေ တွေးနေတာလဲ အား ... ဒုက္ခပါပဲ မကြီးမငယ်ကြီးနဲ့ သူများသားလေးကို နှာဘူးစိတ်နဲ့ တွေးနေရတယ်လို့ ! Lee yongbok မင်းကတော့ ။

Sam အသံတိတ်သွားတယ့် ဘက်ကို မသိမသာလေး မျက်လုံးလှည့်ကာကြည့်တော့ ပါးတွေ နီပြီး မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် ‌ကော်ဖီခွက် ထဲကိုပဲ မျက်လုံးကျွတ်ကြမတတ် ကြည့်နေလေတယ့် ဆရာကိုတွေ့လိုက်ရသည် ။
ဘာလဲ ရှက်နေတာလား ?

Sam စိတ်ထဲ ချစ်စရာလေးဟု တိတ်တခိုးရေရွတ်ရင်းပင် ပြင်းရိလေးတွဲစွာ စားပွဲပေါ် မျက်နှာအပ် ၍ ဆက်အိပ်နေလိုက်သည် ။

Xanny Where stories live. Discover now