Part -38

507 39 15
                                    

Note - ယခုအပိုင်းတွင်ပါဝင်မည့် အသုံးအနှုန်း စကားလုံးများ ၊ အဓိပ္ပာယ်များသည် စာရေးသူရဲ့စိတ်ကူးယှဉ်သပ်သပ် စိတ်ဖက်ဆိုင်ရာကို အတည်ပြုရေးသားထားချင်သာဖြစ်ပါသည် ။ မည်သည့် တစ်ဦးတစ်ယောက်ချင်း စီနဲ့ မည်သည့် ဘာသာကိုမျှ စော်ကားခြင်းမျိုးမဟုတ်ပါခြေ

   _________________________

UNI

မနက် ၄နာရီ ဆိုတယ့်အချိန်က လူတစ်ယောက်အတွက် အိပ်ယာထဲ နွေးနွေးလေးနဲ့ ခွေလို့ကောင်းမယ့် အချိန်မျိုး ပင် ။
သို့သော် ဘဝ သမား တစ်ယောက်အတွက် အဲ့လိုမဟုတ်နေဘူးလေ
လမ်းမပေါ်မှာ လူတစ်ယောက်စ နှစ်ယောက်စ ဟာလည်း ကိုယ်စီကိုယ်စီပါလာသော စက်ဘီးလေးတို့ဖြင့် သွားတယ့်လမ်းတစ်လျောက်တွေ့နေရပါသည်။  အရမ်းချမ်းလှသဖြင့် စက်ဘီးနင်းနေတယ့်ခြေထောက်တွေ သည် တောင့် တော့မည့်ပုံ ပင် ။
အာငွေ့တွေက လည်းပါးစပ်တောက်လျောက်ထွက်နေ ပြီး မျက်မှန်တပ်ထားတယ့် မျက်လုံးအား  နေမထွက်သေးတယ့် လမ်း တစ်လျောက်ကို ကြည့် မောင်းလို့ မရအောင် တစ်ခါတစ်လေ ဖုံးကွယ်တတ်ပါသေးသည်။ 

ကျွီး

စက်ဘီးရဲ့ထိုးရပ်သံ
ဘေဘီဝေ့ကြည့်ကာ မည်သူတွေများ နိုးသွား ပါလိမ့်မလဲ ဆိုပြီး တစ်ချက်စစ် ရသေး၏ ။
ဘယ်သူမှ ဘေးပတ်ဝန်ကျင်မတွေ့မှ မိမိရှေ့က ခြုံအကျယ်ကြီးကို ခြံတစ်နေရာ ကနေ ကွယ်ရင်း ကြည့်လိုက်သည်။ 
ကျယ်လွန်းတယ့်ခြံကြီး က လူတစ်ယောက် ကိုရှာဖွေဖို့အတွက်မလွယ်ပေမဲ့ မျက်မှန်တပ်ထားရတယ့်မိမိအတွက်တော့ အလွယ်တကူမြင်ရပါသေးသည်။

သေသေချာချာ ပြောရရင် Sam ခြံအကျယ်ကြီးထဲက အိမ်ကြီး ရဲ့ တစ်ခုထဲသော ပြတင်းပေါက် လေး ကိုတောင် ရှင်းရှင်းလင်းလင်းမြင်ရပါသည် ။ ဒီအချိန်ဆို ဆရာပေါက်လေး ကောင်ကောင်းအိပ်နေလောက် တာပေါ့။ 
ဘယ်လောက်တောင်လွမ်းနေသလဲ ဆိုတာ ပြေးပွေ့ပြီ အသိပေးချင်တယ် ၊ ဆရာကို အရမ်းလွမ်းမိတယ့်စိတ်ကြောင့် ရောက်လာခဲ့ပေမဲ့ ဦးနှောက်ရဲ့ တွန့်ဆုတ်မှုတွေကြောင့်အခုထိ မတွေ့နိုင်သေးပေ ။

မိမိဘဝမှာ မိမိနဲ့အတူ ရှိနေသူမှန်သမျှ ဟာ တစ်ချိန်မဟုတ်တစ်ချိန် ပျောက်ကွယ်သွားကြတာ Sam ရဲ့မွေးရာပါကံဆိုးမှုတွေလားဆိုတာ သံသယ ဝင်လာသည်။  သူငယ်ချင်း တစ်ယောက် လည်းထပ်၍ ဆုံးရှုံးသွားရပြန်ပြီမို့ Sam Bokie ကို အရင်လူတွေလိုထပ်မဖြစ်စေချင်ဘူး ။ Sam ကြောက်တယ်
Bokie ကို ဆရာ့လိုမကာကွယ်ပေးနိုင်ခဲ့ရင်
Bokie ကို jisung လို အနားရှိမပေးနိုင်ခဲ့ရင်
Sam ဘားမှမသိတယ့် ထိုကောင်လေးကို ထပ်၍ အဆုံးရှုံးမခံချင်ပါပေ။ 
ကြောက်ရွံ့မှုတွေ နဲ့ လွမ်းစိတ်ကြား ဗြားများ နေရပေမဲ့ Sam လူမသိအောင်လို့တော့ လွမ်းနာ ဖြေဖို့ ဒီလိုအချိန်တွေ ဆရာ့အိမ်အနား သူခိုးတစ်ယောက်လိုကပ်လာတတ်သည်မှာ ၁လ လောက်ရှိရော့မယ်။ 

Xanny Where stories live. Discover now