Part -14

464 53 7
                                    

𝗨𝗡𝗜

" ထပ်စား လိုက် အာ "

ကိုယ်ကိုတိုင် ပါးစပ် ကို အာခနဲအော်ကာ ဟလိုက်တာနဲ့ မိမိနည်းတူ လိုက်ဖွင့်ဟလာတယ့် နှုတ်ခမ်းသား လွှာလေးက ဆန်ပြုတ်ရဲ့အာဟာရကြောင့်များလား အနည်းငယ်စိုးစွတ် နေသည် ။ ဆန်ပြုတ် ‌ရဲ့ အပူငွေ့ကြောင့်လည်း လန်းဆန်း လာပြီဖြစ်တယ့်မျက်နှာလေးက မိမိလက်ထဲက ခရုဆန်ပြုတ် ကို တစ်ခါတစ်လေ ခိုးခိုးကြည့်သည် ။
ဒီလို စားသောက်နိုင် မှုမျိုးနဲ့သာ ဆို ဒီဆရာ ပေါက် အမြန် သက်သာလာမည်ဆိုတာ Sam ယုံသည် ။
ဆန်ပြုတ်ပူပူကိုမွှေရင်း မှုတ်လိုက်ကာ ထပ်ကျွေး တော့ အာ ခနဲ မိမိအတိုင်းလိုက်ဟကာ လွှေသည် ။ ဒါနောက်ဆုံး အလုတ်ဖြစ်တာကြောင့် ဆန်ပြုတ်ပန်းကန်လုံးလုံးလေးဟာလည်း ပြောင်သလင်ခါသွားတော့သည် ။ Sam တစ်ရှူး တစ်ရွက်ကိုယူ ရင်း ဆရာ့ပါးစပ်နားတစ်ဝိာက်ပေနေတာများအား သုတ် ပေး လိုက် ပြီး

"‌ဆရာ "

ဟု ခေါ်လိုက်သည် ။ ရေနွေးလေး နည်းနည်း ကို ရေအေးထဲ ထည့်ကာ ပိုးသတ်ပြီး ဆရာ့အားသောက်ခိုင်း ဖို့ ခေါ်လိုက်ပေမဲ့ ဆရာက ပြန်မဖြေပဲ အရှေ့ဘက်က TV ကြီးဆီက ရုပ်ရှင်ကိုသာငေး နေလေ ၏ ။

"ဆရာ "

"...."

"ဆရာ Yongbok "

"...."

သူ့ကို ခေါ်မနေတယ့်အတိုင်း မသိတယ့် လူ တစ်ယောက် လို TV ကိုသာ အာရုံစိုက်ကြည့်နေတာ ကြောင့် Sam ဆရာ့ရဲ့အမေ ခေါ်တယ့် နာမည်ကို သွား သတိရသွားသည်။

"Bokie Yaa"

"အွင် !"

ချက်ချင်းလှည့် လို့လာတယ့် ဆရာ သည် ဘာ ပြောမို့လဲဆိုတယ့် မျက်လုံးလေးဖြင့်။ Bokie ?
Bokie အဲ့နာမည်က ... Sam အရင်လတုန်းက သတိမေ့သွားတော့ ဆရာ ပြောခဲ့တယ့် နာမည်လေးမလား မဟုတ်မှ Bokie ဆိုတာ ... အခြားလူတစ်ယောက်မဟုတ်ပဲ ဆရာရဲ့ ငယ်နာမည် များလား ? ၊

"ဘာပြောမို့လဲ Sam ရဲ့ ?"

မိမိက အတွေးတွေနဲ့ယှောက်ယပ်ခတ်နေတော့ ဆရာက မေးလေသည် ။
Sam ခေါင်းထဲ ရှုပ်နေသည် ဘာလို့ ဆရာ ရဲ့ ၁၀နှစ်အရွယ်ကိုပြန်နောက်ဆုတ်သွားတယ့် ဦးနှောက်က Sam ကို မှတ်မိ နေတာလဲ ?
Sam တိုတစ်နေရာရာမှာ တွေ့ဖူးခဲ့လား ?

Xanny Where stories live. Discover now