Part -5

544 68 5
                                    

𝙐𝙣𝙞

" မေမေ .... အီးဟီးအီးဟီးးးး ‌ဖေဖေ့ ! "

လူအများရှပ်ထွေးနေရာ လမ်း မကြီးထဲ မှာ အရုပ်ကလေးပိုက်လျှက် ရပ်နေပါသော ကလေးငယ်လေး ဟာ ငိုကာယိုကာဖြင့် သူ့မိဘများအား မျက်လုံးလေးဖြင့်ရှာနေပါသည် ။
လူရှုပ်နေတယ့် လမ်းကြီးထဲလည်း ပါသွားမှာစိုးတာမို့ လမ်းဘေးဂျောင်တစ်နေရာလေးထဲဝင်ခိုနေရင်းက ပင် မျက်လုံးတွေဖြင့်သာ ရှာပုံတော်ဖွင့်နေတော့သည်။ မျက်နှာစိမ်းတွေကြီးပဲ မျက်လုံးဧရိယာထဲ ပေါ်လာနေတော့ ကြောက်စိတ်ကြောင့် မျက်ရည်လေးက အင့်ခနဲ
ပွဲလာကြရင်း မေမေ့ကိုဆုပ်ကိုင်ထားသောလက်သည်မတော်တဆ လွတ်ကျသွားတာကြောင့် yongbok လူကြားထဲညှပ်ကျန်နေခဲ့၏။

"မေ့မေ့ ! ဟင့် !"

ထပ်၍ကျလာသော မျက်ရည်တွေကိုသုတ်ရင်းက အဘွားသင်ပေးထားတယ့် ရင့်ကျက်သင့်ကြောင်းဆုံးမ စကားကိုပြန်တွေးမိတော့ အားတင်းကာ မျက်လုံးနှစ်ဖက်က မျက်ရည်တွေ အား လက်သေးသေးလေးနှစ်ဖက်ဖြင့်ဖယ်လိုက်သည် ။ ဝကစ်နေတယ့်လက်တုပ်တုပ်ကလေးတွေသည် မျက်ရည် ကိုသုတ်ပြီးတာနဲ့ လက်ထဲက အရုပ်ကလေးကို ကျစ်လစ်စွာ ကိုင်ရင်း လမ်း မ ထဲက ပလက်ဖောင်းပေါ် ကပ်တက်လိုက်ပြီးတည့်တည့်သွားလိုက်သည် ။
လမ်းတစ်ဖက်အဆုံးက စတိတ်စင် ကြီးကလည်း သီချင်းအသံများစွာဆူညံလို့ ၊ လူအုပ်ကြီးဖွဲဖွဲဖျဖျ လမ်းမထက်ပြည့်နေတော့ ကလေးငယ်က လူပင်လယ်ထဲ လည်းခုန်မဝင်ရဲ ။
တစ်စုံတစ်ယောက်အားအကူအညီ တောင်းကြည့်ဖို့ ပလက်ဖောင်းအတိုင်းလေး လမ်းမ လူအုပ်ရဲ့ဆန့်ကျင်ဘက်အရပ်က လမ်းမီးတိုင်ဆီ လျှောက်သွားလိုက်သည် ။
တော်တော်လှမ်းလှမ်မှာရှိတာကြောင့်ခပ်သုတ်သုတ်ကလေး သွားနေတော့ ဆူညံလွန်းတယ့် ဂီတအသံတွေ လူ ‌တွေရဲ့ အော်ဟစ်သံတွေနဲ့ဝေးသွားသည် ။

"အဟင့် အဟင့် "

လမ်း မီးတိုင်တည့်တည့် ရပ်ဖို့ ထိုမီးတိုင်ရိပ်အောက်ဝင်လိုက်တယ့်အချိန်မှာပင် မိမိအရှေ့ တွင် မြင်လိုက်ရသော မိမိထက် အနည်းငယ်ပုတယ့်ကလေးငယ်လေး ၊ လမ်းမီးတိုင်လေးကို ကိုင်ရင်း အဝေးက စတိတ်ရှိုးအားပေးနေတယ့်လူအုပ်ကြီးအား လှမ်းကြည့်နေတာကြောင့် သူလည်း bokie လို လမ်းပျောက်လာတာများလား ? အရုပ်ကလေးကိုတင်းကျပ်စွာကိုင်ရင်း ထိုကလေး ဘေးသွားရပ်လိုက်တော့ မိမိကို မော့ကြည့်လာတယ့်မျက်လုံးလေးနှစ်လုံး ၊ မျက်ရည်တွေပြည့်လို့နေတော့မနေနိုင်မထိုင်နိုင်ပါပဲ ကိုယ်ကိုအောက်နိမ့်ရင်း လက်ကလေးဖြင့် သုတ်ပေးလိုက်သည် ။

Xanny Where stories live. Discover now