Part -17

404 55 4
                                    

𝘜𝘕𝘐

အမှတ်စာရင်း ထွက်ခါနီးတွင်တော့ Sam တက္ကသိုလ်သို့မသွားပဲသာ အမေ့ကို ဆန္ဒပြလိုက်သည်။ ထိုအစား Sam သည် ဆရာရှိရာအရပ်သို့သာ မျက်နှာမူလျှက် ဆေးရုံး သို့သာ ခြေလှမ်းတွေကိုရွေ့မိ ရင်း ဆရာနဲ့ပဲအချိန်ဖြုန်း တော့သည်။ ဆရာက ဆေးရုံးတွင် မိသားစု ဝင်တွေကလွဲ ၍ တစ်ခြားဘယ်သူမှ လာတာ မကြိုက်တတ်‌တာကြောင့် သူ့အခန်းသည်ပျင်းဖို့ကောင်းသည် ။ နဂိုထဲက ဆေးရုံးသည် ပျင်း၍ ခြောက်ခြားဖွယ်ကောင်းပါသည် ထိုအမှပဲ မိသားစုမှ အပ ဆရာ့သူငယ်ချင်းတစ်ယောက် သားတစ်ခါတစ်လေ လာတွေ့တတ်တော့ ဆရာက မိမိလာရင်ကိုပျော်နေတော့သည်။ ပြီးတော့ အထူးသဖြင့် Sam က ဆရာ့ကိုအမြဲလာတွေ့တယ့် ခင်ပွန်းလေး လေ ။

အမြဲ တွေ့နေရသည် ဖြစ်၍ ဆရာက မိမိနဲ့ အရင်ကထက်ပိုရင်းနှီးလာပြီဟု ထင်မိသည် ။ ပို၍ နီးကပ်ချင်သည်ကြောင့် သူကြိုက်တယ့်အရာအားလုံးကို Sam မှတ်သားသည် ။ လိုအပ်လျှင် Note နဲ့ ပါ Sam ချရေး ထား မိသည် ။ ဆရာ့အနားမှာ သူနာပြုမလို အပ်သည်အထိ Sam တစ်ပတ်လုံး ဆရာနဲ့အတူနေပေးရုံတင်မက ဆရာ့ရဲ့ဝေရာဝေဆတွေကအစ Sam အကုန်လိုက်လုပ်မိသည်က ဆရာ့ကိုဘယ်လောက်ထိ ပြုစုပေးခြင်ကြောင်းသက်သေပြချင်းပင်။ ကျောင်းသွားချိန် ကျောင်းပြန်ချိန် ကလွဲပြီး Sam ဆေးရုံမှာ မရှိသည့်အပတ်ဆိုတာ မရှိ ပေ။ ဆရာ့ရဲ့နေကောင်း လာတယ့် မျက်နှာလေးကို Sam မျက်စိရှေ့မြင်နေရရင်ကို Sam ဝမ်းသာ သည် က ဘယ် အရာနဲ့မှ နှိုင်းမရ ပေ ။

ယခုတွင်လည်း Sam ဆေးရုံတွင် ညဘက် အန်တီတို့ မလာနိုင်၍ တစ်နေ့လုံးနေတယ့်အနေနဲ့ ဒီည တစ်ည အိပ်ဖြစ်မည်။

Sam ဆေးရုံးက ပေးတယ့် မွေ့ယာခင်း နဲ့စောင် ကို ယူပြီး ကုတင်ဘေး တစ်ဖက်က ဆိုဖာတွင် ဘယ်နေရာ ချလို့ချရမှန်း မသိဖြစ်နေ လေသည်။ မှို့ယာခင်းကအရမ်းမကြီးပေမဲ့ ဆိုဖာတွင်မဆံ ဖြစ်နေသည် မို့ ထိုမှို့ယာ ခင်းအား အိပ်နေသော ဆရာ့အပေါ် သာ ထပ်၍ ခြုံလွမ်းပေးထားလိုက်သည်။ ဆရာက အစားစားပြီး ၈နာရီ လောက်ထဲက အိပ်သွားတာ ဖြစ်တာကြောင့် အခုချိန်ဆိုညသူ့အိမ်မက်ကမ္ဘာထဲ သူရောက်နေရောပေါ့ ၊ Sam ဆရာ့နဖူးပြင် အား ဖွဖွလေးသာ နမ်းကာ ဆိုဖာတွင် စောင်နဲ့ အိပ်ဖို့ပြင်လိုက်သည် ။ မအိပ်ခင် တောင်စဉ်ရာရာ စဉ်းစားမိတော့ ဒီအတောအတွင်း Sam တော်တော်လေးကိုအရှုပ်ထုပ်တွေလုပ်ခဲ့တာပါ လေ ။ မေမေ့ကိုပြန်ချော့ဖို့ စိတ်မကူးပဲ မိမိဦးတည်ချက်ကို သာ ပြုလုပ်ခဲ့သည်ကြောင့် မိသားစုနဲ့လည်း အဆင်မပြေခဲ့ပေ ။ နောက် သုံးလလောက်ဆို ဆရာ ဆေးရုံးကဆင်းပြီ အဲ့အခါ အဆင်သင့်ဖြစ်နေအောင် Sam မိသားစုနဲ့ပြေပြေလည်လည်ဆွေးနွေးရမည့်ဟာ အခုထိ ထို စိတ်ကူး အကောင်အထည်မဖော်သေး ။

Xanny Where stories live. Discover now