Part -25

356 42 4
                                    

UNI

Changbin ကို ငွေချပေးလာသည့် ကောင်လေးအား တစ်စိုက်မတ်မတ်ပြန်ကြည့် နေမိပြီး တယ့်အခါ ‌ဘားမှမပြောတော့ဖို့သာ ဆုံးဖြတ်လိုက်သည် ။ သူတို့ကိစ္စနဲ့သူတို့ ပဲဟာ ‌ဝင်မပါကောင်းပါဘူးလေ ... ။
ထိုအတွေးနဲ့ Changbin စာချုပ် အား သူ့ရှေ့ချပေးတော့ သူဟာလက်မှတ်ရေးထိုး လေသည်။

"ဘယ်နှစ်လလောက်နေမှာတယ့်လဲ ကျွန်တော်သိခွင့်ရှိမလား ?"

ဟိုကောင်လေးနှစ်ယောက်နေမယ့် ရက်အ‌ေတာ်အတွင်းကိုမေးသည့်ပုံစံကြောင့်

" နှစ်လလောက်တော့စာချုပ် ချုပ်ထားတာပဲ ကွ ၊ မင်းဒီလိုအိမ်မှာ နေမှာသေချာတယ်လား ?"

" ကျွန်တော့်မှာ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ပဲရှိတော့တာ၊ သူဒီလိုဖြစ်နေချိန် ဘယ်နည်းနဲ့မှ နောက်မဆုတ်သွားနိုင်တာမို့ ဆုံးဖြတ်ချက်ကို မပြင်ပါဘူး "

"ကောင်းပြီလေ ၊ နောက် အပတ်လောက်ကြရင် ပြောင်းလို့ရပါပြီ "

"ဟုတ်ကဲ့ပါ ၊ သွားခွင့်ပြုပါအုံး "

စာချုပ်မှာလက်မှတ်ထိုးပြီးသည်နှင့် ထိုကောင်လေးဟာလည်းအရင်လို မိမိအာကျောခိုင်းကာ အထီးကျန် ဖွယ်ရာကောင်းတယ့် နောက်ကျောပြင်ဖြင့် နှုတ်ဆက်ကာထွက်ခွာသွားလေသည်။
ထိုကောင်လေးကျောပြင် ကို တွေ့လိုက်ရမှ သတိရမိသွားတာသည် ကာ ဒီတစ်ခေါက်လည်းနာမည်အား မမေးမိဘူး ဆိုတာ ပါပဲ ။ ‌တုံးလိုက်တယ့်ငါ့ခေါင်း ဘာပဲဖြစ်ဖြစ်အိမ်လာငှားတယ့် အိမ်ငှားနာမည်တော့ မေးလိုက်သင့်တယ်မလား
အတွေးအဆုံး မကျေနပ်ဖြင့်ကာဖြင့် ထိုကောင်လေးချန်ရစ်ခဲ့တယ့် အိမ်ငှားစာချုပ်ပေါ်က လက်မှတ် အား ကြည့်လိုက်သည်။
Min လို့ရေးထားတာ လား သူ ?
လက်မှတ်ကိုကြည့်ကာထိုသို့တွေးမိရင်းဖြင့် 
ဘယ်လိုကိစ္စတွေပဲ သူတို့လူသုံးယောက် ကြား ရှိနေပါစေ နောက်ကြရင်တော့ Changbin မပါဖို့ဆုံးဖြတ်လိုက်သည်။

....

ထွက်ခွာသွားတယ့် bus အနောက် ခြေလှမ်းတွေကိုအရှိန်မြင့်တင်လိုက်ပြီး အပြေးသမား လိုမြန်နှုန်းမြင့် ကားအား လိုက် ပေမဲ့လို မမှီတော့တယ့်အခါ ဒူးနှစ်ဖက်ပေါ်လက်ထောက်ပြီးအမောဆို့တာပဲအဖက်တင်တော့သည်။ 
အား ... ‌တကယ်ထဲမှပဲ bus က မမှီတော့ဘူး ၊ နောက် ထပ်၍ တစ်စီး ထက်စောင့်ရရင် အချိန်မမှီပဲနေကုန်မှာ  ၊ jisung ပြောတယ့် မြေအောက်ရထားပဲ စီးရင်ကောင်းမလား ?
Jisung နဲ့ အိမ်အပြန် လမ်းကြုံရင်တစ်ခါတစ်လေ မြေအောက်ရထား စီဖူးခဲ့သည် မို့ Sam လက်ပတ်နာရီကို ကြည့်လိုက်သည်။  မှီလောက်ပါတယ် တက္ကစီ ငှား တာထက်စာရင် မြေအောက်ရထားက ပိုကုန်ကျသက်သာသေးတယ် ။
ထိုသိူ့သော အတွေးနဲ့အတူ မမှီလိုက်သော Bus အစား မြေအောက်ရထား စီးဖို့ Sam အမြန် သွားမိသည် ။

Xanny Where stories live. Discover now