Part -27

307 34 8
                                    

UNI

Bokie Sam အနားသို့ ခြေလှမ်းတွေအား ခပ်ဖွဖွ ခြနင်းရင်းသွားမိကာ Sam ကို လှန့်ဖို့ပြင်လိုက်သည် ။ Bokie ခြောက်လိုက်ရင် Sam လေး လန့်သွားမှာ သေချာတယ် ခ်ခ်
ခြောက်လိုက်တာနဲ့ Sam လေးရဲ့မျက်နှာကို စဉ်းစားမိရင်း အိမ်ရှေ့ရောက်တာနဲ့ ဖိနပ်တောင်မစီး ပဲ Sam အနားသွားဖို့ ပြင်နေတုန်း Sam ပါးစပ်ထဲက ကိုင်ထားတယ့်ဖြူဖြူချောင်းတစ်ခုကို Bokie သတိထားမိလိုက်သည်။
သက်ပြင်းချသံကြီးကြီး ကို Sam ဆီက ကြားရပြီးတာနဲ့ ထိုအဖြူချောင်းလေးဆီက အငွေ့တွေထွက်လာလေသည်။ 
မဟုတ်မှ Sam လေး ဆေးလိပ် သောက်နေတာလား ? ။ 

Bokie ခေါ်မလို့လုပ်‌နေတုန်း Sam လေးဆီက ငိုသံသဲ့သဲ့လေးအား ကြားလိုက်ရတော့ Bokie ခန္ဓာကိုယ် တစ်ခုလုံး တုံ့ဆိုင်းသွားသည်။ Sam ငိုနေတယ်
တသိမ့်သိမ့်တုန်နေတယ့် ခန္ဓာကိုယ်လေးက ဆေးလိပ်မီးကိုလည်းအားရပါးရ ဖွာနေလေ၏ ။
တားဖို့ထက် Bokie Sam လေးကိုနှစ်သိမ့်ပေးချင်သည် ကြောင့် အနားသို့ အသံမပေးကပ်သွားလိုက်ရင်းသာ Sam လေးရှေ့ ရောက်လာခဲ့သည်။ 

Sam လေး ရှေ့တည့်တည့် ရပ်တန့်လိုက်မိတော့ ခေါင်းအောက်စိုက်ထားတယ့် Sam လေး ဟာလည်း Bokie ကိုမော့ကြည့်လာသည်။ မိမိကိုမြင်တာ နဲ့ Sam လေးက သူ့လက်ထဲက ဆေးလိပ်ကို သူ့‌ဖိနပ်အောက် အမြန်နှင်းချေလိုက်ပြီး ပျာယာခပ်သလို ကြည့်တာကို Bokieသတိထားမိသည်။
အဖြစ်က ဖေဖေဆေးလိပ်သောက်နေတယ့်အချိန် မေမေ မိလို့ အဆူခံရတယ့် ပုံစံမျိုးနဲ့ပင် Bokieစိတ်ထဲတူသလိုထင် လိုက်သည် ။ဒါမဲ့ Bokieက Sam လေးကိုမဆူပါဖူး ... ဘာတွေပဲဖြစ်နေဖြစ်နေ နှစ်သိမ့်ပေးချင်တာ ၊ မေမေက ပြောတယ် နှစ်သိမ့်ပေးချင်က အကောင်းဆုံးသော ဆေးတစ်ခွက်တယ့် ။ Sam လေး ပါးပြင်ထက်က မျက်ရည်ကြောင်းကို အသာအယာ ပွတ်ဆွဲ သုတ်ပေးလိုက် သည်။

" ငိုနေတယ် ... ဒီနားက နာလို့လား ?"

ထိုင်နေတယ့် ကွတ်ပျစ်က Sam ရဲ့ ရင်ဖက်နေရာလေးအား Bokie လက်လေးဖြင့်စမ်းကြည့်ရင်းမေးမိသည်။

"...."

Sam လေးက အသံတိတ် လျက် ခေါင်းလေးပြန်ငုံ့သွားသည်။  Bokie ဘာလုပ်ရမှန်းမသိပေ ... ငိုနေတာမမြင်ချင်ဖူး ။

Xanny Where stories live. Discover now