final -2

806 49 19
                                    

UNI

" ဟင့်အင်း !!!!"

ဘေးတစ်ဖက်က ဆရာရဲ့ ရုတ်တရက် အော်သံကြောင့် လန့်ဖြတ်သွား ရင်း အိပ်နေရာက ထိုင်လိုက်ကာ ဆရာ့ ပခုံးလေး အာ လှုပ်ကိုင်လိုက်သည် ။ အိပ်နေရင်း ယောင်နေတယ့် ဆရာကတော့ အတောအတန် မျက်လုံးမဖွင့်သေးပဲ စကားလုံးတွေအား တောက်လျောက်ရေရွတ်နေပြီးမှ  နောက်တစ်ကြိမ် သူ့ပါးလေးအား ဖွဖွပုတ်လိုက် သည် ၊ ထိုအခါမှ လန့်နိုး လာတော့သည့် ဆရာကြောင့် Sam မှာ သက်မ ချမိတော့သည် ။  မျက်လုံးတို့ဖွင့်တာ နဲ့ချက်ချင်းဆိုသလို အတင်းကုန်းရုန်းထကာ Sam လက်အားအသည်းအသန်ကိုင်သည် မို့ ပွေ့ဖက်ထားပေးလိုက်ရင်း ရွဲရွဲစိုနေတယ့် ဆရာ့ နဖူးပြင်အား မိမိအင်္ကျီလက်စနဲ့ သုတ်ပေးလိုက်သည် ။

" ဆရာ ဆရာ ... "

" ဟင် ...Sam ... ငါ ငါ ဘာဖြစ် "

မောဟိုက်နေရင်း သူ့အခြေအနေကိုကြည့်ကာ အထစ်ထစ်အငေါ့ငေါ့မေးတော့ မမောပန်းစေရန် Sam ကပဲ ပြောလိုက်ရသည်။

" အိမ်မက်ဆိုးတွေမက်ပြန်တာထင်တယ် ... ခဏနော် ကျွန်တော် ရေသွားခပ်ပေးမယ် "

"ဟင့်အင်း မသွား ... မသွားပါနဲ့ "

ခေါင်းကိုခပ်မြန်မြန် ခါရင်း မိမိ ရင်ခွင်ထဲ တိုးဝင်ကာ ပြောတော့ Sam လည်း ခတ္တခဏ မျှ ငြိမ်သက်ပေးနေလိုက်ရ၏ ။ စိတ်ထဲတော့ ချွေးတွေ စိုနေတယ် မျက်နှာလေးကို ချွေးသုတ်ပေးခြင်ပြီး မောပန်းနေတယ့် ရင်ဖက်အား အမောပြေစေဖို့ ရေတစ်ခွက်လောက်တိုက်ချင်မိသည်။ 

" အဆင်ပြေပြီလား "

၅မိနစ်လောက် နေနေပြီးတော့ Sam ဆရာ့ ခေါင်းလေးအား ဖွဖွပုတ်ကာ မေးလိုက် သည်။  ထိုအခါမှ ဖြေးညှင်းစွာခေါင်းညိမ့်လာ တော့ မိမိခါးထက်က သူ့လက်တွေအား ခတ္တလွတ်ချလိုက်ရင်း ‌ရေသွားယူပေးလိုက်သည်။

ရေယူပေးပြီးတိုက်တော့လည်း  တကွက်ကွက်မော့တယ့် ဆရာ ပုံစံက ရေတကယ်ဆာနေတယ့်အပြေးသမားလိုပါပဲ။ အပတ်တိုင်း တော့ တစ်ပတ်တစ်ခါ ဖြစ်နေကြမို့ Sam လည်း သက်ပြင်းလေးချလိုက်ကာ ပါလာတယ့် ပုဝါ အဝါလေးအား ထုတ်ပြီး မျက်နှာလေးအားသုတ်ပေးလိုက်သည် ။

Xanny Where stories live. Discover now