Part -3

556 71 5
                                    

" မနက်ဖြန် မနက် လာခေါ်မယ်"

"....."

" အမေ့အတွက် ဒါလေး တွေပါ ပေးလိုက်အုံး ၊ ဒါက အဖေ့အတွက် "

"ကျွတ် ! ခင်ဗျား ကို ဘယ်သူက အဲ့လောက်ထိ လုပ်ပေးဖို့ပြောလို့လဲ ၊ ခင်ဗျားပေးတယ့် လက်ဆောင်တွေ သူတို့က ယူမယ်ထင်လို့လား ? "

"....."

"Stop acting like a innocent "

"...."

ပြောရင်းပင် သူပေးတယ့် အထုတ်တွေကို မယူပဲနဲ့ Sam အိမ်ထဲသို့လှည့်ဝင်ခဲ့သည် ။ Sam အိမ်ထဲဝင်တော့ အမေကအပြင်သွားနေတာနဲ့ကြုံသည် ။ အဖေက အလုပ်သွား မည်ဆိုတာ သိ၍ Sam ဧည့်ခန်းထဲထဲက ဆိုဖာတွင် သွားထိုင်လိုက်ပြီး အမေ့ကိုစောင့်လိုက်သည် ။
အမေပြန်လာရင် ကြိုက်တယ့်ဟင်း ချက်ခိုင်းရမယ် ။ တစ်ပတ် ၇ရက်လုံး အပြင်စာတွေကြီးပဲစားနေခဲ့ရတယ့်သူ့အဖို့ အိမ်လက်ရာ ထမင်းဟင်းတွေဟာ တန်ဖိုးကြီးလွန်းတယ့် ကျောက်မျက်ရတနာတမျှ အဖိုးတန်လွန်းသည်မဟုတ်ပါလား ။
တွေးရင်း ဆိုဖာပေါ်တွင် လူတကိုယ်စာလဲအိပ်လိုက်ပြီး ဖုန်းကိုဖွင့်ကာ စောင့်နေလိုက်တော့သည် ။
သိပ်မကြာ အိမ်ထဲသို့ကားဝင်လာသံ ကြားလိုက်ရပြီး အမေအိမ်ပြန်ရောက်လာတော့သည် ။ ထင်တယ့်အတိုင်း အိမ်အတွက်လိုအပ်တာတွေကိုသူကိုယ်တိုင်သွားဝယ်တာမို့ Sam မှာ တက်ကြွလျှက် ။
အမေက တော့ Sam အား အိမ်ပြန်လာတိုင်းမေးနေကြဖြစ်တယ့် ဘာစားပြီးပြီးလဲ ဘာစားချင်လဲဆိုတာသာ ‌တွေ့တွေ့ချင်းမေးသည် ။ အမေက Sam ဘဝရဲ့အကောင်းဆုံး !

" အမေ "

"အွင် ပြော လေ "

အသီးခွာပေးနေတယ့် အမေ့ကိုကြည့်ပြီး Sam စကားစလိုက်ပေမဲ့ ဘာပြောလို့ပြောရမှန်းမသိပေ ။ အားနာစိတ် လည်းရှိသလို
တကယ်တော့ ဒီလိုအခြေအနေကြီးကဘယ်အထိ ဆက်ရှည်နေအုံးမှာလဲ သူမသိ ၊ အမှန်အတိုင်းပြောရရင် ရေရှည်အတွက် Sam စိတ်ပူတယ် ၊
သူနဲ့ရေရှည်ဆိုတယ့် အတွေးက မနက်ခင်းအိပ်ယာကနိုးလာတိုင်းကပ်ပါလာတယ့် မပြီးပြတ်သေးတယ်အိမ်မက်ဆိုးလိုပင် ။

"သား ခေါင်းက ဘာနဲ့ဆောင့်မိတာလဲ "

အမေမှ အသီးခွာနေရင်း ဖြင့် မေးသည့်စကား ။ Sam ထိုအခါမှ ရန်ဖြစ်တာကိုသတိရသွားသည် ။

Xanny Where stories live. Discover now