မိတ်ဆက် + ရှင်းလင်းချက်

31.8K 1.1K 24
                                    

Description

#bursting after he transmigrated cannon fodder omgea

ယွမ်ရှင်းကျဲသည် ABO၀တ္ထုတစ်ခုထဲကူးပြောင်းသွားပြီး အမြောက်စာ အရံဇာတ်ကောင်လေးဖြစ်လာခဲ့သည်။ မိသားစုစီးပွားရေးမှာနိမ့်ကျလာပြီး သူ၏သတို့သားလောင်းကမူ သူ့ကိုမလိုချင်ချေ။ ၀တ္ထုဇာတ်ကြောင်းအရ အချစ်ကြောင့် အလုပ်မလုပ်ေတာ့သော ဦးနှောက်ဖြင့် အမျိုးသားဇာတ်လိုက် ချီယုအတွက် ဘာမဆိုလုပ်ပေးခဲ့သော်လည်း အဆုံးတွင်ထားခဲ့ခံရကာ ဂလင်းကိုဖြတ်ပစ်ခဲ့ပြီး ရောဂါပိုး၀င်ကာပင်ဆုံးပါးသွားခဲ့သည်။

မက်ခါပညာရှင်းကျဲ: ငါကအရမ်းအလုပ်များတယ် မင်းနဲ့ကစားဖို့အချိန်မရှိဘူး။

မူလဇာတ်ကြောင်းကိုဖျက်ဆီးပစ်ပြီးနောက် သူကမက်ခါများကိုသာ တစိုက်မတ်မတ်လေ့လာပြီး သူ၏ယခင်ဘ၀မှအိပ်မက်ကိုဖြည့်ဆည်းရန်ကြိုးစားတော့သည်။

နူးညံ့ပြီး အားနည်းသောအိုမီဂါများမှာ ကြီးမားပြီးလေးလံသောမက်ခါမောင်းနှင်ခြင်းအတွက်ဘယ်တုန်းကမှမသင့်လျော်ခဲ့။ သို့သော် ဤနှစ်ရှင်းဟိုင်တက္ကသိုလ်မက်ခါပြိုင်ပွဲတွင် အိုမီဂါကျောင်းသားသစ် ယွမ်ရှင်းကျဲတစ်ယောက် တလက်ကိုင်မက်ခါအဟောင်းလေးကိုမောင်းကာပြိုင်ပွဲ၀င်လာခဲ့သည်၊

လူတိုင်းကသူ့အား စေ့စပ်ပွဲပျက်သွားသဖြင့်အသည်းကွဲကာ စိတ်ရူးပေါက်ရာလျှောက်လုပ်နေသည့်ဟုထင်ကြသော်လည်း ထိုပျော့ညံ့ညံ့အိုမီဂါလေးက အယ်လ်ဖာတစ်အုပ်ကြီးကို အနိုင်ပိုင်းလိုက်လျှင် လူတိုင်း အံ့အားသင့်သွားကြရသည်။

လူတိုင်း : ???ဒါကြီးကဖြစ်ရောဖြစ်သင့်ရဲ့လား

သို့သော်ထိုထက်အံ့သြစရာကပေါ်လာခဲ့ပြန်သည်။

ယွမ်ရှင်းကျဲသည် မက်ခါပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်သစ်ကိုချိုးလိုက်တော့သည်။

ယွမ်ရှင်းကျဲဒီဇိုင်းဆွဲသောမက်ခါမှာ လေလံပွဲတွင် အမြင့်ဆုံးစျေးဖြင့်ရောင်းချနိုင်ခဲ့သည်။

ယွမ်ရှင်းကျဲရေးဆွဲသောမက်ခါနည်းပညာကို မည်သည့်မက်ခါထုတ်လုပ်ရေးကုမ္ပဏီကမဆို အငမ်းမရလိုချင်နေကြသည်။

နည်းပညာလောကကြီးတစ်ခုလုံးကသူ၏ပေါင်ကိုဖက်လိုကြလေသည်။

စေ့စပ်ပွဲဖျက်ပြီးနောက် ချီယုမှာ ယွမ်ရှင်းကျဲနောင်တရမည့်အချိန်ကိုစောင့်နေခဲ့သည် ။ သို့သော် အမှန်တကယ်နောင်တရသူမှာ သူကိုယ်တိုင်သာဖြစ်ခဲ့လေသည်၊ ကံကောင်းစွာဖြင့် အင်ပါယာတွင် စည်းမျဥ်းတစ်ခုရှိလေသည်။ ဖယ်ရိုမုန်းလိုက်ဖက်မှုမြင့်မားသော အယ်လ်ဖာနှင်အိုမီဂါစုံတွဲမှာအတူရှိရမည်ဟု။

ယွမ်ရှင်းကျဲမှာ သူ့ကိုလက်ထပ်ရဖို့ကံပါလာပြီးသားပင်။

သို့သော် စေ့စပ်ပွဲတွင် ချီယု လက်ထပ်ခွင့်တောင်းခွင့်မရခင်တွင် ယွမ်ရှင်းကျဲကလှောင်ရယ်လျက် သူ၏ဂလင်းကိုလှီးဖြတ်လိုက်တော့သည်။ မူလဇာတ်ကြောင်းကဲ့သို့ သူ၏ဖယ်ရိုမုန်းတို့က နှင်းဆီရနံ့ဖယ်ရိုမုန်းတို့ကနေရာအနှံ့ပြန့်နှံ့သွားလျက် လျင်မြန်စွာညှိုးရော်လာတော့သည်။

ချီယုမှာထိတ်လန့်သွားပြီး အသည်းကွဲသွားတော့သည်။ သို့သော်သူဘာမှမလုပ်နိုင်ခင်တွင် အရပ်မြင့်မြင့် လူတစ်ယောက်က ယွမ်ရှင်းကျဲကိုဖက်ကာ ပွဲထဲမှခေါ်ထုတ်သွားတော့သည်၊

လူတိုင်းကအံအားသင့်သွားခဲ့ကြသည်။

ယွမ်ရှင်းကျဲပင်လျှင်ထိုလူအား အံ့အားသင့်စွာကြည့်နေမိလေသည်။

ထိုလူမှာ ဗီလိန်ဖြစ်သူ လော့၀မ်ချွမ်းပင်။

မူလစာအုပ်ထဲတွင် အင်ပါယာ၏ဒုတိယမင်းသားမှာ အရပ်မြင့်မြင့်နှင့်လွန်စွာချောမောလှသည်၊သို့သော် သွေးအေးပြီး ရက်စက်သည်။

သို့သော်ဤအခိုက်အတန့်တွင်မူ သူ၏မျက်လုံးတို့မှာ စိုးရိမ်မှုတို့ဖြင့် ဆောက်တည်ရာမဲ့စွာ နီရဲနေခဲ့လေသည်။

xxxxx
❄️❄️❄️❄️❄️

အဇူး လေးမှာပြောစရာရှိပါတယ်။

ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Paid မှာတော့ Completed ဖြစ်ပြီးသားပါ။gp မှာတော့ ongoing ပေါ့။

ကိုယ်ကတော့ free အပိုင်းတွေပဲ တင်ပေးမှာပါ။ကြိုဖတ်ချင်ရင်တော့ IQ team Page ကို link လာတောင်းကြပါ။ကိုယ် link ချပေးပါ့မယ်။😇😇😇

ဒီ၀တ္ထုရဲ့ မြန်မာဘာသာပြန် မူရင်းအပိုင်က IQ Team လေးဖြစ်ပါကြောင်း နဲ့ ပြန်လည်တင်ပြခွင့်ပေးတဲ့အတွက် အဇူးလေးကနေ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း ....

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now