8

6.4K 835 1
                                    

Chapter 8

[​လော့၀မ်ချွမ်း]:"?"

[ခဲ့လီ]:"ရပြီ၊ ဘာမှမဟုတ်​တော့ဘူး၊ မင်းအလုပ်များ​​နေတာပဲ"

ယွမ်ရှင်းကျဲ ကိရိယာ​သေတ္တာထဲမှ စကန်ဖတ်သည့်ပစ္စည်းကိုထုတ်ယူလိုက်သည်။ မက်ခါသိမ်းသည့်ကုဗတုံးအားအ​ပေါ်တင်လိုက်လျှင် အတွင်းမှမက်ခါပုံရိပ်​​ယောင်ကသူ၏မှတ်ဥာဏ်တုထဲတွင်တိုက်ရိုက်ထွက်​ပေါ်လာ​တော့သည်။

ခဲ့လီလည်းယွမ်ရှင်းကျဲ၏ကျွမ်းကျင်​သောလုပ်​ဆောင်မှုအဆင့်ဆင့်ကိုမြင်လျှင် သူ၏အမူအယာကအနည်းငယ်​လေးနက်လာခဲ့သည်။ယွမ်ရှင်းကျဲသည်အလင်းမျက်နှာပြင်ကိုကြည့်လျက် ​မက်ခါကိုယ်ထည်မှဒေတာများအား​​သေချာပိုင်းခြားလိုက်သည်။

လုပ်​ဆောင်မှုအဆင့်ဆင့်မှာ ​ချော​မွေ​့​နေပြီး လျင်မြန်စွာပြီးသွားခဲ့သည်။ အချက်အလက်များကိုဖြည့်ပြီးသည်နှင့်သူက ခဲ့လီအားကမ်း​ပေးလိုက်သည်။

"ပြသနာကကြီးကြီးမားမား​တော့မဟုတ်ပါဘူး၊
တချို့အပိုင်း​လေး​တွေ အဆင့်မြှင့်ဖို့လို​နေတာ၊ အခုချက်ချင်းပဲ အစားထိုး​ပေးလိုက်မယ်"

ခဲ့လီလည်း မွမ်းမံ​ရေးလုပ်​ဆောင်ချက်အဆင့်ဆင့်ကို​ဖော်ပြထားသည်ကိုကြည့်လျက် ဤအိုမီဂါ​လေးမှာ မက်ခါအ​ကြောင်းအမှန်တကယ်နားလည်သည်ကို​တော့ လက်ခံလိုက်ရသည်။ ထို့​နောက်တွင် ယွမ်ရှင်းကျဲသည် မက်ခါအားထိုင်လျက်သား ပုံစံဖြင့်အပြင်သို့ထုတ်လိုက်သည်။ ထို့​နောက်တွင် စက်​လှေကားတစ်ခုကိုထုတ်ယူလိုက်၏။

မက်ခါမှာ အလယ်အလတ်ဆိုဒ်ဖြစ်ကာ အပြည့်အ၀ရပ်​နေလျှင် ဆယ်မီတာခန့်မြင့်​လေသည်။ ထိုင်​နေလျှင်မူ၆မီတာခန့်ဖြစ်သည်။ ယွမ်ရှင်းကျဲလည်း စက်​လှေကား​ပေါ်တက်လျက် ကိရိယာများကိုအသုံးပြုလျက် အသားထိုးရန်လိုအပ်​နေ​သော အပိုင်းများကို ကျင်လည်စွာဖြုတ်လိုက်သည်။ ထို့​နောက်တွင် အဆင့်မြှင့်ထား​သော ပစ္စည်းများကို ​နေရာတကျတပ်ဆင်လိုက်​​လေသည်၊ ထိုလုပ်​ဆောင်မှုအဆင့်ဆင့်မှာ ၁၀မိနစ်သာကြာမြင့်ပြီး ထိုအချိန်အတွင်းတွင် ယွမ်ရှင်းကျဲလည်းဤမက်ခါမှာ ​လေ့ကျင့်​ရေးခန်းမတွင်ပြသထား​သော ပုံရိပ်​ယောင်မက်ခါဖြစ်​ကြောင်းအတည်ပြုလိုက်မိသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Onde histórias criam vida. Descubra agora