21

6.4K 833 24
                                    

Chapter 21

မက်ခါ​မောင်းနှင်သူ​နေရာပွင့်လာသည်နှင့် ကင်မရာစက်ရုပ်မှာ​မောင်နှင်သူပါတ်ပါတ်လည်အားရိုက်ကူးလျက် ထုတ်လွှင့်လာခဲ့သည်။ လူငယ်​လေးသည် နာနိုဓါတ်​ရောင်ခြည်ကာကွယ်​ရေး၀တ်စုံကိုချွတ်လျက် ​ခေါင်းထက်မှ စိတ်စွမ်းအင်ဆက်သွယ်​သောဦးထုတ်ကိုပါဖယ်ရှားလိုက်သည်။

သူ၏နဖူးတွင်​ချွေးစ​လေးများသီးလျက်။သူသည်​ခေါင်းကိုညင်သာစွာခါလိုက်​သောအခါ ​ချွေးစ​လေးများသူ၏ဆံစအဖျား​လေးများထိတွဲခို​နေခဲ့သည်။ အသားအရည်မှာ နူးညံ့ကာ​ချော​မွေ့လျက် သူ၏ပါးမို့တို့မှာ ယခုမှ​လေ့ကျင့်ခန်းလုပ်ပြီးစသကဲ့သို့နီရဲ​နေကာ သူ၏ကိုယ်မှာလည်းလွန်စွာဆွဲ​ဆောင်မှုရှိလှသည်။

ရိုးရှင်း​သော ​လေ့ကျင့်​ရေး၀တ်စုံကို၀တ်ဆင်ထားကာ သူ၏ကိုယ်မှာအရပ်မြင့်မြင့်အယ်လ်ဖာတစ်ဦးနှင့်ပိန်ပါး​သောအိုမီဂါတစ်ဦးကြားတွင်ရှိသည်၊

​မောင်းနှင်သူ​နေရာမှထွက်လာလျှင် သူကအလွန်​သေသပ်စွာ​ချော​မော​နေခဲ့သည်။ လူငယ်​လေး၏ကြည်လင်ပြီးရှင်းသန့်​သောမျက်လုံး​လေးများက ကင်မရာကိုကြည့်လာ​သောအခါ ဒုတိယနှစ်များအနားယူ​​နေ​သော​နေရာကတိတ်ဆိတ်သွားခဲ့သည်၊ ယွမ်ရှင်းကျဲမက်ခါကိုသိမ်းလိုက်သည်အထိ မည်သူမှသတိ၀င်ပုံမ​ပေါ်​သေး​ချေ။

"ငါ.ငါစိတ်ထင်​နေတာမဟုတ်ပါဘူး​နော်"

"ဒီရုပ်ရည်၊ ဒီအသားအရည် ၊ ဒီအချိုးအစားကအယ်လ်ဖာမဖြစ်နိုင်ဘူးမလား"

"ဘုရား​ရေ.. သူက ...သူကအိုမီဂါလား"

ထိတ်လန့်မှု အံ့အားသင့်မှုနှင့်မယုံကြည်နိုင်မှုတို့ဖြင့်
ဒုတိယနှစ်များမှာ ဤ​ကျောင်းသား​လေး၏လိင်အမျိုးအစားကိုခန့်မှန်းရန်ကြိုးစား​နေကြသည်။
သို့​သော်အ​ဖြေမှာသိသာ​နေခဲ့ပြီးသားပင်။

မည်သည့်အယ်လ်ဖာ​သော်မျှအခြားအယ်လ်ဖာတစ်​ယောက်ထံ ဤမျှဆွဲ​ဆောင်မှုမျိုးခံစားရစရာအ​ကြောင်းမရှိ​ချေ။ ဘီတာပင်လျှင်မဖြစ်နိုင်​ချေ။လူအုပ်ကြီးမှာ ​​ကျောင်းသမိုင်းကို​ပြောင်းလဲ​စေမည့်ကိစ္စကြီးကိုကြုံ​တွေ့ရသည့်နှယ်ပွဲဆူလျက်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now