124

5.1K 593 14
                                    

Chapter 124

ယွမ်ရှင်းကျဲ ယွမ်အိမ်တော်သို့ရောက်သောအခါ အတော်လေးနောက်ကျနေပြီ ဖြစ်၏။

ယွမ်အိမ်တော်မှာ ဇိမ်ခံအိမ်များ ဝန်းရံနေေသော ချမ်းသာသောအသိုင်းအဝိုင်းဟု လူသိများကြသောပူလစ်စ်ရပ်ကွက်တွင် တည်ရှိသည်။

ထိုရပ်ကွက်တွင် နေထိုင်ကြသော လူများမှာ အလွန်အမင်းချမ်းသာသူများ မဟုတ်လျှင် တော်ဝင်မိသားစုများဖြစ်ကြ၏။

ယွမ်မိသားစုမှာ ထိုနေရာကို လွန်ခဲ့သော ဆယ်နှစ်က ပြောင်းလာကြခြင်းဖြစ်သည်။ ရှေးဘိုးဘေးများ၏ ကြွယ်ဝချမ်းသာမှုများ မရှိခဲ့‌သော်လည်း ရုတ်တရက်ကြွယ်ဝချမ်းသာလာသူများ ဖြစ်ကြသောကြောင့် ယခုနေရာနှင့် မကိုက်ညီခဲ့ပေ။၎င်းင်းကို ယွမ်အိမ်တော်၏ အပြင်အဆင်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။

ကြီးကျယ်ခမ်းနားသော ပရိဘောဂများ နေရာတိုင်းတွင်ရှိနေကာ သူတို့ချမ်းသာသည်ကို လူမသိမှာ စိုးရိမ်နေသယောင်ဖြစ်နေ၏။

သို့သော် ယွမ်ချန်ရှန်းထိုသို့သော အပြင်အဆင်များကို အလွန်သဘောကျ၏။ သူ့ကို သူ‌ဌေးအသစ်ဟု ခေါ်နေကြသော သူများမှာ သူ့ကိုမနာလိုသောကြောင့်သာဖြစ်သည်ဟု သတ်မှတ်ထားပြီး ထိုသူများကို ရပ်တန့်ရန်အကောင်းဆုံးနည်းလမ်းမှာ ချီမိသားစုနှင့် လက်ဆက်ရန်သာ ဖြစ်သည်။

ချီမိသားစုမှာ ယွမ်မိသားစုကို မြို့တော်တွင် အခြေခိုင်စေရန် ကူညီပေးနိုင်ရုံသာမက အရေးကြီးအချက်အလက်များကို ပေးနိုင်သည်ဖြစ်သောကြောင့် ကျောက်ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်သလိုပင် ဖြစ်သွားနိုင်သည်။

ယွမ်ရှင်းကျဲနှင့် ချီယု ယွမ်အိမ်တော်သို့ရောက်လာကြသည်။

လမ်းတစ်လျှောက်တွင် ချီယုမှာယွမ်ရှင်းကျဲကို အရေးတယူ ဆက်ဆံခဲ့သော်လည်း ယွမ်ကျင်းရှဲ သူ့ကိုမျက်ကွယ်ပြုခဲ့သည်။

ချီယု စိတ်ပျက်လာခဲ့‌သော်လည်း သည်းခံထားခဲ့သည်။ နောက်ဆုံးတွင် ချီယင်ကတိပေးထားသည့်အတိုင်း မနက်ဖြန်ဆိုလျှင် သူနှင့်စေ့စပ်ရတော့မည် မဟုတ်ပါလား။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now