15

6.5K 810 2
                                    

Chapter 15

ပြိုင်ပွဲက သုံးရက်အတွင်းစ​ပေ​တော့မည်။
စာရင်း​ပေးထား​သော ​​ကျောင်းသားများသည် ပြင်းထန်​​သော​လေ့ကျင့်မှုများကိုဖြတ်​ကျော်ရမည်ပင်။ ဤနည်းဖြင့် လုပ်​ဆောင်ရမည်တို့ကိုနားလည်ပြီး ပြိုင်ပွဲတွင် မ​တော်တဆဖြစ်ပွားမှု​နည်းလိမ့်မည်။

အတန်းRမှစာရင်း​ပေးသူ ၂၀ရှိကာ အတန်း၏လူဦး​ရေသုံးပုံတပုံခန့်ပင်ရှိသည်။ ၎င်းမှာများသည်ထင်ရ​သော်လည်း အခြားအတန်းများဆိုလျှင် လူအ​​ယောက် ၄၀ထက်ပင်ပိုကြသည်။

သို့နှင့်မက်ခါ​မောင်းနှင်​ရေး​မေဂျာမှနှစ်အလိုက်  ​ကျောင်းသားစုစု​ပေါင်း၂၀၀နီးပါး၀င်ပြိုင်ကြသည်ပင်။

​လေ့ကျင့်​ရေးမှာ လှုံ့​ဆော်​ခြင်း​လေ့ကျင့်​ရေးခန်းတွင် ပြုလုပ်သညွ။ ယွမ်ရှင်းကျဲ​ရောက်​ရောက်ခြင်းတွင် လုရန်ရှုကိုမြင်လိုက်ရ​လေသည်။ သူ၏အခန်း​ဖော်အား အံ့သြစွာကြည့်လျက်

"ဒီကိုဘယ်လို​ရောက်​နေတာလဲ၊ မင်းလည်းစာရင်း​ပေးခဲ့တာလား"

"အင်း" လုရန်ရှုမင်​​သေ​သေဖြင့်​ခေါင်းငြိမ့်လိုက်သည်။

"ငါစဥ်းစားပြီးပြီ ၊ ငါတို့ကညီအ​စ်ကို​ရဲ​ဘော်ရဲဘက်တွေပဲ၊ ငါမင်းကိုအ​ဖော်ပြု​ပေးချင်တယ်"

ယွမ်ရှင်းကျဲနှလုံးသား​နွေး​ထွေးသွားရသည်။

"​ကျေးဇူးပါ ရန်ရှု"

"အနည်းဆုံး​တော့ မင်းအချခံရတဲ့အခါကျ ပြီးခဲ့တဲ့တစ်​ခေါက်ကလို ငါမင်းကို​ဆေးခန်းကိုပို့​ပေးနိုင်တာ​​ပေါ့"

လုရန်ရှုသူ့အားကြည့်လျက်ဆိုလိုက်သည်။

"မလိုပါဘူး"
ယွမ်ရှင်းကျဲ ​ဆေးရုံကို​နောက်တစ်ကြိမ်ထပ်သွားချင်စိတ်မရှိ​ချေ။ ​စျေးကြီးလွန်းတယ်၊

"ငါတို့အတန်းနဲ့အခြားအတန်း​တွေကြားမှာတကယ်ကိုကွာခြားတယ်" ကျိုး​ဖေးရွယ်ကလူအုပ်အား​ပြောလိုက်သည်။

"ဒါ​ပေမယ့် ဒီထဲကလူငါးဆယ်​ရွေးမှာဖြစ်တဲ့အတွက် အခွင့်အ​ရေးရှိ​သေးတယ်၊ ကျန်တဲ့သူ​တွေလည်းမ​တော်တဆရှုံးနိုင်တာပဲ​လေမဟုတ်ဘူးလား"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now