73

5.9K 771 9
                                    

Chapter 73

ယွမ်ရှင်းကျဲသည်​လော့၀မ်ချွမ်းအား ​ကျေးဇူးတင်စွာကြည့်လျက် "​ကျေးဇူးပါပဲ စီနီယာ "

"ဒီ​နေ့ရာသီဥတု​ကောင်းတယ်"

​လော့၀မ်ချွမ်း​ဘေးဘီကိုကြည့်လျက်ဆိုလိုက်သည်။ .ချယ်ရီပွင့်ဖတ်များမှာ ​နွေး​ထွေး​သော​နေ​ရောင်ခြည်​အောက် ​လေပြည်အ​သွေးတွင် လှပစွာပြန့်ကျဲ​နေခဲ့သည်။ ၄င်းမှာအလွန်လှပ​သောမြင်ကွင်းပင်

"သူတို့​ကြောင့် စိတ်မရှုပ်ပါနဲ့"

ယွမ်ရှင်းကျဲ​ခေါင်းငြိမ့်လိုက်သည်။

"မရှုပ်ပါဘူး"

"​တော်တယ်" ​လော့၀မ်ချွမ်းရုတ်ချည်းလှည့်လျက် ယွမ်ရှင်းကျဲကိုကြည့်ကာဆိုလိုက်သည်။

"ကိုယ် ရုံထဲမှာတစ်ခုခုကျန်​နေခဲ့တယ်"

ယွမ်ရှင်းကျဲသိချင်စိတ်ဖြင့်​မေးလိုက်သည်။

"ဘာများလဲ"

​လော့၀မ်ချွမ်းမှာ​ကျောင်း၀တ်စုံကို၀တ်ဆင်ထားခဲ့သည်။ သူသည်​ဘောင်းဘီအိတ်ထဲလက်နှိုက်လိုက်ပြီး အထဲမှတစ်ခုခုကိုထုတ်ယူလိုက်ပုံပင်။

"မင်းမျက်လုံးကိုခဏမှိတ်လိုက်ပါ"

​လော့၀မ်ချွမ်း ကယွမ်ရှင်းကျဲကိုကြည့်လိုက်ပြီး သူ၏လည်​စေ့ကလှုပ်ရှားသွားခဲ့သည်။ သူ၏မျက်နှာတွင် မည်သည့်အမူအယာမှမရှိ​ချေ။ သို့​သော်သူ၏​လေသံမှာလွန်စွာအတည်အတံ့ဖြစ်​နေခဲ့သည်၊ ယွမ်ရှင်းကျဲမ​နေနိုင်ပဲရယ်လိုက်မိ​တော့သည်၊

"ဘာများလဲ၊ သိပ်လျှို့၀ှက်နေတာ" သို့​သော်ယွမ်ရှင်းကျဲ မျက်လုံးကိုမှိတ်​ပေးလိုက်သည်။ သူသည်​လော့၀မ်ချွမ်း၏​နောက်ထပ်လှုပ်ရှားမှုကို​စောင့်လိုက်သည်။ စက္ကန့်အနည်းငယ်​ကျော်လွန်သွားပြီး​နောက်

"ဘုန်း.." အသံတစ်ခုကယွမ်ရှင်းကျဲ၏​ခေါင်းထက်တွင်ပွင့်အံကျလာခဲ့သည်။ ၄င်းက​တောအုပ်ထဲမှငှက်တချို့ကိုပင်ထပျံသွား​စေသည်။ ယွမ်ရှင်းကျဲအနည်းငယ်တွန့်ဆုတ်သွားမိ​လေသည်၊ သူမျက်လုံးကိုဖွင့်လိုက်လျှင် မီးရှူးမီးပန်းဘူးငယ်​လေးကို ကိုင်ထား​သော​လော့၀မ်ချွမ်းကိုကြည့်လိုက်သည်။ သူက​နောက်ကိုဆုတ်လျက် ခလုတ်​လေးကိုဖိလိုက်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now