115

5.2K 622 4
                                    

Chapter 115

ပြင်းထန်စွာတိုက်ခိုက်ပြီးနောက် နှစ်ဖက်စလုံး နောက်ပြန်ဆုတ်သွားကာ ၎င်းတို့ကြားရှိအကွာအဝေးကို ချဲ့ထွင်လိုက်သည်။ ယွမ်ရှင်းကျဲကိုကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေပုံရသည်။

၎င်း၏မက်ခါသည်လည်း ကြယ်တံခွန်မက်ခါကြောင့် တော်တော်များများပျက်စီးနေလေသည်။

နောက်ထပ်မိနစ်အနည်းငယ်အတွင်း ယွမ်ရှင်းကျဲ၏ ပင်မမက်ခါကိုတစ်စစီဖြုတ်ပစ်မည့်ရည်ရွယ်ချက်မှာ အောင်မြင်တော့မည်ဟု ပိုင်ကျားရှီခံစားလိုက်ရသည်။ သူက ကြယ်တံခွန်မက်ခါ၏အင်ဂျင်ကို မြင်းကောင်ရေအားအမြင့်ဆုံးသို့ပြောင်းကာ သံကြိုးဓားတစ်ချောင်းကိုထုတ်ယူလိုက်ပြီး ယွမ်ရှင်းကျဲထံပြေးဝင်သွားခဲ့သည်။

ထိုအချိန်တွင် ပုန်းအောင်းနေသည့်မက်ခါသားရဲက ကွင်းအတွင်း၌ လှည့်ကွက်တချို့ပြုလုပ်နေကြောင်း ပရိသတ်များသတိပြုမိလိုက်သည်။

ယွမ်ရှင်းကျဲရှေ့မြေပြင်ပေါ်တွင် အရိပ်မိုင်းများထွက်ပေါ်လာသည်။

ပရိသတ်က အနည်းငယ်အံ့သြသွားခဲ့သည်။

"အဲဒီမိုင်းတွေက ဘယ်တုန်းကရောက်လာတာလဲ...

"မက်ခါသားရဲတွေက ကွင်းထဲမှာ ထောင်ချောက်ချတတ်နေပြီလား..."

"အံ့ဩစရာပဲ...ယွမ်ရှင်းကျဲက ပိုင်ကျားရှီနဲ့တိုက်နေရင်းတောင် မက်ခါသားရဲကိုထိန်းချုပ်ဖို့အချိန်ရှိတုန်းပဲလား..."

သို့သော် မက်ခါသားရဲ၏မိုင်းများမှာ ပိုင်ကျားရှီအပေါ်သက်ရောက်မှုသိပ်မရှိပေ။

"အရေးမပါတဲ့ လှည့်ကွက်တွေ..."

ပိုင်ကျားရှီ ရယ်မောလိုက်သည်။ သူက ရပ်ပင်မရပ်ပဲ ယွမ်ရှင်းကျဲရှေ့ရှိအရိပ်မိုင်းများထံသို့ တိုက်ရိုက်သွားခဲ့သည်။

ရုပ်ဆိုးကြောင်က သူ့အားခြိမ်းခြောက်နိုင်လိမ့်မည်ဟုပင် သူထင်ခဲ့မိသည်။

ကြည့်ရတာ...ယွမ်ရှင်းကျဲရဲ့လှည့်ကွက်တွေက ဒီမှာတင်အဆုံးသတ်သွားပုံပဲ....

ပင်ပန်းနွမ်းနယ်နေပုံရသောယွမ်ရှင်းကျဲက ရှောင်တိမ်းမည့်အစား ကြယ်တံခွန်မက်ခါကို တိုက်ရိုက်ရင်ဆိုင်ရန်ပြင်လိုက်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now