13

6.3K 824 6
                                    

Chapter 13

လော့၀မ်ချွမ်း​မျက်ခုံးကိုပင့်လျက် ခယ့်လိုင်အားအ​ သေအချာကြည့်လိုက်သည်။ ထို့​နောက်အံ့အားသင့်မှုကသူ၏မျက်၀န်းထဲဖြတ်​ပြေးသွားလျက် အလျင်အမြန်​ပျောက်ကွယ်သွားခဲ့သည်။ ထို့​နောက်တွင် သူကမျက်လုံးကိုအသာမှိတ်လျက် သူ၏​လေသံကမူအနည်းငယ်တိုးလျနေခဲ့သည်။

"ငါသိတယ်"

ခယ့်လိုင်ပါးစပ်ကိုပိတ်လျက် ဘာကိုမှမ​ပြော​တော့။
သူသည်အခိုက်အတန့်တွင် ​လော့၀မ်ချွမ်း၏အ​တွေးကိုနားမလည်နိုင်​ချေ။ သူ၏အခန်း​ဖော်မှာ မည်သည့်ရှု​ထောင့်ကကြည့်ကြည့် ပြီးပြည့်စုံ​သော အယ်လ်ဖာ တစ်ဦးဖြစ်သည်။သို့​သော် သူကမည်သည်အိုမီဂါ နားကိုမျှကပ်ခြင်းမရှိ​ချေ။

သူကအိုမီဂါများကို​ကြောက်ရွံ့သည့်​ရောဂါရှိသည်ဟု အတင်းစကားများပင်ရှိသည်။ ခယ့်လီသာလျှင် တကယ့်အ​ကြောင်းအရင်းကိုသိသည်။

"​ငွေလွှဲလိုက်ပြီ စစ်​ဆေးတာ​တွေပြီးတာနဲ့​ရောက်သွားလိမ့်မယ်"

​လော့၀မ်ချွမ်းတည်ငြိမ်စွာ​ပြောလိုက်သည်၊

"ငါ​မှောင်ခို​စျေးကိုခဏသွားဦးမယ်၊ မင်အရင်စားနှင့်ပါ၊ ဒီ​နေ့ပင်ပန်းသွားပြီ"

....

​ကောင်းကင်မှာ​မှောင်ရိပ်သန်းလာခဲ့ပြီ။
​မှောင်ခို​စျေးတွင် ​မြေ​အောက်ထပ်သုံးထပ်ရှိကာ
လူသွားလူလာနည်းသည်ပင်။ မက်စ်ကို၀တ်ဆင်ထား​သော ယွမ်ရှင်းကျဲမှာ ယခင်တစ်​ခေါက်က တလက်ကိုင်ပစ္စည်းအ​ဟောင်းဆိုင်သို့ထပ်​ရောက်လာ​ချေပြီ။ ဆိုင်ရှင်မှာမက်ခါလာယူသည်ဟုထင်၍ သူ့အား​ပေးရန်​ပြင်လိုက်​သော်လည်း လူငယ်​လေး၏စကားသံကိုကြားလိုက်ရသည်။

"သူ​ဌေး မက်ခါ​စျေးကိုနည်းနည်း​လျော့​ပေးလို့ရ​သေးလား"

"ဒီမှာ ​ကောင်​လေး ၊ ငါ့ကိုလာ​နောက်​နေတာလား"
.ခပ်၀၀ဆိုင်ရှင်မှာအနည်းငယ်မကြည်မသာဖြစ်သွားခဲ့သည်။

"ငါဒါကိုမင်းအတွက် ၁ပါတ်​လောက်သိမ်းထား​ပေးရတာ အခုထပ်ပြီးစလာပြန်ပြီလား"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now