170

5.6K 544 8
                                    

Chapter 170

သို့ရာတွင် ရှယ်ယာရှင်များ၏ တုံ့ပြန်မှုကား

ဆန့်ကျင့်ဘက်သာဖြစ်နေလေသည်။ သူတို့ အလွန်ပျော်နေကြ၏။

"အိုခေ...ဘော့စ်ရှင်းကျဲက ခွင့်လွတ်ပေးပြီး ငါ့ကိုရှယ်ယာတချို့ထိန်းသိမ်းခွင့်ပေးနေသရွေ့ ငါလည်း အနာဂတ်မှာ ရှင်းချွမ်းရဲ့ရှယ်ယာရှင်တစ်ဦး ဖြစ်လာမှာပါ"

"ကောင်းလိုက်တာ... ငါလည်း စတော့စျေးကွက် *စိမ်းစိမ်းသွားတာကို ကြည့်နေရတာ စိတ်ကုန်နေပြီ "

(E/T–အာရှစတော့စျေးကွက်မှာဆိုရင် နေ့တိုင်း အစိမ်း=ကျ/အနီ=တက်ပါ)

"ချန်ရှန့်က ရှင်းချွမ်းရဲ့ကုမ္ပဏီခွဲဖြစ်လာမယ်ဆိုရင် ငါတို့မှာတောက်ပတဲ့အနာဂတ်ရှိနေပြီ"

ချန်ရှန့် မူးလဲတော့မတတ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"မင်းတို့ မျက်လုံးဖြူဝံပုလွေတွေ...မင်း...မင်းတို့....."

ယွမ်ချန်ရှန့်မှလွဲ၍ တခြားရှယ်ယာရှင်တွေ အကုန်လုံးက ရှင်းချွမ်း၏ဝယ်ယူမှုကမ်းလှမ်းချက်ကို တညီတညွတ်တည်း သဘောတူခဲ့ကြ၏။

ချင်ရွှမ်းက ယွမ်ချန်ရှန့်၏ရှေ့မှာပင် ယွမ်ရှင်းကျဲကို လက်မှတ်ထိုးရန်ဖိတ်ခေါ်လိုက်သည်။

သုံးရက်အကြာတွင် ချန်ရှန့်မက်ခါကုမ္ပဏီက ရှင်းချွမ်းမက်ခါကုမ္ပဏီ၏ လုပ်ငန်းခွဲအဖြစ်အောင်မြင်စွာ ဖြစ်လာခဲ့သည်။

ယခု ယွမ်ရှင်းကျဲ၏လက်ထဲမှာ ငွေအမြောက်အများရှိနေလေပြီ။ သူက ချန်ရှန့်၏ရှယ်ယာအကုန်လုံးနီးပါးကိုဝယ်ယူခဲ့ပြီး သေးငယ်သော တစ်စိတ်တစ်ပိုင်းကိုသာ ချန်ထားကာ အချို့သော ထူးချွန်ထက်မြက်သည့် ရှယ်ယာရှင်များကို

ရှယ်ယာအနည်းငယ် ဆက်ကိုင်ထားခွင့်ပေးခဲ့၏။

မှန်သည်ပင်၊ ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့၏ရှယ်ယာများကိုကား သူအကုန်လုံးသိမ်းယူပစ်လိုက်လေပြီ။

ယွမ်ချန်ရှန့်တစ်ယောက် ယွမ်ရှင်းကျဲ အနှီအရာများ လုပ်နေသည်ကို ကြည့်ပဲကြည့်နေရပြီး သူ့မှာ ဘာတစ်ခုမှလုပ်နိုင်စွမ်းမရှိတော့ပေ။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now