78

6.1K 693 4
                                    

Chapter 78

ရလဒ်များမှာ မျက်နှာပြင်ကြီးပေါ်တွင်ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ အေဟူသည့်စာလုံးအကြီးကြီးပြနေခဲ့ပြီး ဆိုလိုသည်မှာ ယွမ်ရှင်းကျဲ၏စိတ်စွမ်းအားမှာ အေအဆင့်သို့ရောက်နေခြင်းဟူ၍ဖြစ်သည်။

ရစ်ချက်၏မျက်လုံးများအနည်းငယ်တုန်လှုပ်သွားခဲ့၏။ သူသည်ယွမ်ရှင်းကျဲသည်ခုန်ပျံသည့်မက်ခါလုပ်နိုင်မည်ဟုထင်မိခဲ့သဖြင့် သူအနည်းငယ်စိတ်ပျက်သွားမိခဲ့သည်။

အော်ရီရယ်သည်အရှေ့ရှိမျက်နှာပြင်အားဖျစ်ညစ်လိုက်မိလေသည်။ သူ၏မျက်လုံးများသည်မျက်နှာပြင်ပေါ်သို့ကြည့်နေလျက် ပြူးကျယ်သွားကာ မယုံနိုင်သောပုံဖြင့် ယွမ်ရှင်းကျဲအားကြည့်နေပြီ " မင်းအေအဆင့်ကိုအဲ့လောက်မြန်မြန်ရောက်သွားတာလား…"

ယွမ်ရှင်းကျဲသည်လည်း ခဏကြာတောင့်ခဲနေလေ၏။ သူသည်လည်း သူ၏စိတ်စွမ်းအားသည် သူပင်သတိမပြုမိဘဲ အေအဆင့်သို့ တိုးတိတ်စွာဖြတ်ကျော်သွားနိုင်မည်ဟု သတိမပြုခဲ့မိချေ။

ယွမ်ရှင်းကျဲသည် ခုန်ပျံကာ မက်ခါများမောင်းနှင်နိုင်သောလူတစ်ယောက်နှင့် မတူခဲ့သော်လည်း နှစ်လမှသုံးလအတွင်း သူ၏စိတ်စွမ်းအားအဆင့်အား ‌စီအဆင့်မှ အေအဆင့်ထိရောက်အောင် မြှင့်တင်နိုင်ခဲ့ခြင်းမှာ အလွန်ရှားပါးလေသည်။ သို့ဖြစ်ရာ ကျောင်းအဖွဲ့မှအခြားသောသူများသည် သူ့အားမနာလိုသောမျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။

ရစ်ချက်သည် သူ၏မျက်လုံးထဲမှစိတ်ပျက်နေမှုများအား မောင်းထုတ်လိုက်ပြီး ခေါင်းယမ်းကာ ယွမ်ရှင်းကျဲအားပြောလိုက်လေသည် " မင်းကအခုပဲအေအဆင့်ကိုရောက်သွားတာပဲ…သီအိုရီအရတော့ အေအဆင့်ပေါ့… တကယ်လို့မင်းအမျိုးသားစစ်တက္ကသိုလ်မက်ခါပြိုင်ပွဲမှာ အမှတိကောင်းကောင်းနဲ့ နိုင်ချင်တယ်ဆိုရင်တော့ အဲ့ဒါကကောင်းကင်ပေါ်ကိုပျံတက်သွားတာထက်ပိုခက်မှာပဲ…"

ထိုသို့အဆိုပြုချက်ထွက်ပေါ်လာသောအချိန်၌ လေထုမှာ အနည်းငယ်လေးလံလာခဲ့လေသည်။

ယွမ်ရှင်းကျဲသည်လည်း ရစ်ချက်မညာတတ်ကြောင်းအားသိနေခဲ့သည်။ ထို့အပြင် ရစ်ချက်နှင့်သူ၏ဆရာကျိုးဖေးရွှယ်တို့မှာပြိုင်ဘက်များဖြစ်နေသောကြောင့် သဘာဝကျစွာပင် ရစ်ချက်၏အပြုအမူများမှာ သူ့အပေါ်တွင်မကောင်းလှချေ။ မည်သို့ပင်ဆိုစေကာမူ ရစ်ချက်အမှန်ကိုသာပြောခဲ့ကြောင်းကို သူသိလေသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now