100

5.6K 668 1
                                    

Chapter 100

ရှီးပေါ်လိုင် အရင်အချိန်တုန်းက ထိုကဲ့သို့အခြေအနေမျိုးနှင့် ‌မတွေ့ကြုံခဲ့ဖူးပေ။

ယခင်ကစားပွဲများတွင် သူ၏ထိုကြီးမားသောလှည့်ကွက်ကြီးအားထုတ်လိုက်သည်နှင့် ပြိုင်ဘက်မှာ ခံစစ်ဘက်သို့ ပြည့်ပြည့်ဝဝရောက်ရှိသွားမြဲသာဖြစ်၏။

သူ၏ပိုးချည်မျှင်များဖြန့်ကျက်သည့်နှုန်းမှာ အလွန်လျင်မြန်ပြီး ကိုယ်ပျောက်နေသည့်အခြေအနေတွင် ရန်သူမတုံ့ပြန်နိုင်ခင်မှာပင် ကွင်းပြင်တစ်ခုလုံး ချည်မျှင်များ ပြည့်နှက်သွားခဲ့သည်။

မည့်သို့ပင်ဖြစ်စေ ရှီးပေါ်လိုင် သူ၏တုနှိုင်းမဲ့အကွက်မှာ မက်ခါသားရဲတစ်ကောင်ထံမှ အလွယ်တကူဖြိုဖျက်ခံရမည်ဟူ၍ မထင်ထားခဲ့မိချေ။

ကွင်းပြင်တစ်ခုလုံးတွင်ရှိနေသော ပိုးချည်မျှင်များအနက် အနည်းငယ်သာကျန်ရှိခဲ့ပြီး အပေါက်ကြီး အပေါက်သေးများမှာ နေရာတိုင်းတွင်ဖြစ်ပေါ်နေသည်။

သူစိတ်ရှည်ရှည်နှင့် စီစဉ်ထားခဲ့သော ကောင်းကင်ပိုက်ကွန်မှာ ထိုကဲ့သို့ လွယ်လင့်တကူ ဖြိုဖျက်ခံရသည်ကို မြင်ရချိန်၌ ရှီးပေါ်လိုင် ကြောင်အသွားရသည်။ ထိုနာနိုဝိုင်ယာများမှာလည်း ပိုက်ဆံပေးထားရသည့်အတွက် သူ၏နှလုံးသားထဲတွင် အချိန်အတန်ကြာနာကျင်သွားရလေသည်။

ယွမ်ရှင်းကျဲ သူ့အား အညံ့ခိုင်းနေသော်လည်း ရှီးပေါ်လိုင် အံတင်းတင်းကြိတ်ကာ ကျည်ဆန်ကိုကိုက်၍ ဆက်လက်တိုက်ပွဲဝင်ခဲ့လေသည်။

နောက်ထပ် တစ်စက္ကန့်မှာပင် ရှီးပေါ်လိုင် သူ၏ကောင်းကင်ပိုက်ကွန်တိုက်ကွက်အား ရိုးရှင်းစွာ လက်လျော့လိုက်ပြီး ယွမ်ရှင်းကျဲအား တိုက်ရိုက်သာ တိုက်ခိုက်လိုက်သည်။

အရိပ်မက်ခါမှာ ကွင်းပြင်ထဲမှ ထပ်မံပျောက်ကွယ်သွားပြန်သည်။

အချိန်များများမကျန်တော့သဖြင့် သိသိသာသာပင် ရှီးပေါ်လိုင်၏တိုက်ကွယ်မှာ ယွမ်ရှင်းကျဲအားထုတ်ပယ်ပစ်ရန်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူယွမ်ရှင်းကျဲ မထိနိုင်လိုက်ခင် သူတို့၏ကြားထဲ၌ မီတာအနည်းငယ်သာ ကွာဝေးနေချိန်တွင် ရုတ်တရက်ဆိုသလို မက်ခါသားရဲမှာ တိတ်တဆိတ်ပေါ်လာကာ လက်ထဲမှာ ချည်မျှင်လုံးကြီးအား ရှီးပေါ်လိုင်ထံသို့ ပစ်ပေးလိုက်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now