112

5.2K 595 20
                                    

Chapter 112

စိန့်ကလီတိုနှင့်ပတ်သတ်နေသော သတင်းများကို ယွမ်ရှင်းကျဲ ဆက်ကြည့်နေလိုက်သည်။

ပြိုင်ပွဲတစ်ခုပြီးတိုင်း သတင်းထောက်များက စိန့်ကလီတိုဘက်ကို မပြီးနိုင်မစီးနိုင်မြှောက်ပင့်နေပြီး ပြိုင်ဘက်ကိုမူ နည်းမျိုးစုံသုံးကာထိုးချကြသည်ပင်။

ယွမ်ရှင်းကျဲက ရှင်းဟိုင်၏စကားပြောအဖွဲ့ထဲဝင်ကြည့်လိုက်သည်။

အဖွဲ့နာမည်မှာ ကြယ်များ၏အရှင်သခင် ဖြစ်သည်။ သူတို့စကားပြောနေသောအကြောင်းအရာမှာ ပုံမှန်ပင်ဖြစ်သော်လည်း လေထုကအနည်းငယ်ထိုင်းမှိုင်းနေ၏။

ရစ်ချတ်က်လည်း ထိုအရာကိုသတိထားမိသည်။ သူက အွန်လိုင်းကပို့စ်များလိုက်ဖတ်ခြင်းကို ဒီလောက်နဲ့ရပ်ပြီး လာမည့်ပြိုင်ပွဲများတွင်သာကြိုးစားကြရန် တိုက်တွန်းလိုက်သည်။

လူတိုင်းကိုအားပေးရန်အတွက် ရစ်ချတ်က တတိယအဆင့်သတင်းထောက်တစ်ဦးကိုရှာဖွေကာ ရှင်းဟိုင်တက္ကသိုလ်ကိုချီးမွမ်းသည့် ဆောင်းပါးအနည်းငယ်ရေးပေးရန် တောင်းဆိုခဲ့သည်။

သိပ်မကြာခင်မှာပဲ [ကြယ်များ၏အရှင်သခင်] အဖွဲ့ထဲသို့ ရစ်ချက်က သတင်းတစ်ပုဒ်ပို့လာခဲ့သည်။ သူက ပို့စ်ခေါင်းစဥ်ပင်ရေးထားသေးသည်။ “ဖတ်ရကျိုးနပ်တဲ့ ဆောင်းပါးကောင်းတွေ အများကြီးပါ..”

ဆောင်းပါး၏ ခေါင်းစဉ်များမှာ-

<NCLM ချန်ပီယံ၏ကိုယ်စားလှယ်လောင်းများမှာ  နိုအာလည်းမဟုတ်သလို ဖန်ယွန်းလည်းမဟုတ်...>, <ဒီနေ့မှာတော့ အားအနည်းဆုံးအဖွဲ့က မက်ခါဦးဆောင်သူစာရင်းမှာ ရပ်တည်နေပါတယ်...> <နိုအာကျောင်းလက်ရွေးစင်အဖွဲ့က အဆိုပါအသင်းနှင့်မကြုံရန် တစ်ညလုံးဆုတောင်းခဲ့သည်>

လူတိုင်း: "…"

ရစ်ချက်: “အားလုံးပဲ...ဒါကိုဖတ်ပြီးတာနဲ့ စိတ်ခံစားချက်ပိုကောင်းလာဖို့မျှော်လင့်ပါတယ်... [နှင်းဆီ] [နှင်းဆီ]"

ယွမ်ရှင်းကျဲ သူ့နဖူးသူအုပ်ကိုင်လိုက်မိသည်။

ဒါက ဘယ်လိုသတင်းမျိုးလဲ....နိုအာစစ်တက္ကသိုလ်ကလူတွေသာ ဒါကိုဖတ်ပြီးရင်ရယ်နေကြမှာ မဟုတ်ဘူးလား...

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Où les histoires vivent. Découvrez maintenant