75

5.8K 806 15
                                    

Chapter 75

​ေအာ်ရီရယ်၏ကံမှာအတော်လေးကောင်းသည့်ပုံပင်။ သူရင်ဆိုင်ရမည့်ပြိုင်ဘက်များမှာ အလွန်အားကောင်းသည့်အထဲမပါကြပေ။ သူကိုယ်တိုင်သည်လည်း အေအဆင့်မှ ယခုပြိုင်ပွဲအတွင်းအေ+အဆင့်တိုးမြင့်ခံရသူဖြစ်သောကြောင့် သူ့၏ရမှတ်မှာအဆင့်မီသွားကာ ကျောင်းအဖွဲ့သို့အစားထိုးကစားသမားအနေနှင့်ဝင်ခွင့်ရသွားခဲ့သည်။

အတိအကျပင် ၎င်းမှာယွမ်ရှင်းကျဲနှင့်လည်း သက်ဆိုင်လေသည်။ ထိုအချိန်အတောအတွင်း သူသည်မကြာခဏဆိုသလို ယွမ်ရှင်းကျဲအား မက်ခါနှင့်ပတ်သက်သောမေးခွန်းများမေးမြန်းခဲ့ပြီး အခြားမက်ခါအမျိုးအစားများအားမည်ကဲ့သို့တိုက်ခိုက်နိုင်မည်ကိုလည်း မေးမြန်းခဲ့သည်။

သိသိသာသာပင် မကြာသေးမီအချိန်ကအော်ရီရယ်သည်ယွမ်ရှင်းကျဲအားအထင်သေးခဲ့မိသော်လည်း ယခုအချိန်တွင်မူ ယွမ်ရှင်းကျဲအား အစ်ကိုကြီးဟုခေါ်ဆိုနိုင်ရန်မစောင့်နိုင်တော့ချေ။

" ပွင့်ပွင့်လင်းလင်းပြောရရင် မင်းသာအိုမီဂါတစ်ယောက်မဟုတ်ဘူးဆိုရင်…"

အော်ရီရယ်ခေါင်းကုတ်လိုက်ကာ အနည်းငယ်နီမြန်းနေသောမျက်နှာဖြင့်

" ငါ မင်းကို အစ်ကိုကြီးယွမ်လို့ခေါ်မိမှာပဲ…"

" ငါစိတ်မရှိပါဘူး…"

ယွမ်ရှင်းကျဲလေးနက်စွာပြောလာခဲ့သည်

" အကိုကြီးလို့ခေါ်လို့ရတယ်…"

အော်ရီရယ်မှာကြောင်အသွားရပြီး

" ဒါပေမယ့် အယ်လ်ဖာတစ်ယောက်ကအိုမီဂါတစ်ယောက်ကို အစ်ကိုလို့ခေါ်တာတော့မမြင်ဖူးသေးဘူး…"

" အဲ့ဒါဆိုလည်း မင်းဆီကသမိုင်းရဲ့ပထမဆုံးအိုမီဂါအစ်ကိုကြီးလို့အခေါ်ခံရတဲ့ဂုဏ်ရသွားတာပေါ့…"

ယွမ်ရှင်းကျဲနောက်ပြောင်လိုက်ကာ

" ဒါကအဆင်မပြေဘူးလား…"

" ပြေတယ် " အော်ရီရယ်ပြုံးလိုက်ကာ သူ့၏လက်များအား ယွမ်ရှင်းကျဲ၏ပုခုံးပေါ်သို့တင်လိုက်ပြီး

" အစ်ကိုကြီး…"

ယွမ်ရှင်းကျဲပုခုံးပေါ်မှအော်ရီရယ်၏လက်အားမြင်လိုက်ရသည်နှင့် လော့ဝမ်ချွမ်းမျက်မှောင်ကြုတ်သွားလေသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now