34

5.9K 741 11
                                    

Chapter 34

တစ်ဖက်တွင် ...

ပြိုင်ပွဲကိုကြည့်ပြီးနောက် ခယ့်လိုင် ခဏတာတွေဝေမိန်းမောနေပြီးနောက် ဘေးမှ လော့ဝမ်ချွမ်းကို ကြည့်လိုက်သည်။ သူ၏ အမူအယာက တည်ငြိမ်နေသည်ကိုတွေ့သောအခါ သူ မမေးပဲ မနေနိုင်တော့ပေ။

" မင်း ဘယ်လိုဖြစ်လို့ အရမ်းတည်ငြိမ်နေရတာလဲ ... ကာလက်က ဒီနှစ် ကျောင်းလက်ရွေးစင်အသင်းကို ဝင်နိုင်ချေအရှိဆုံးကျောင်းသားလေ ... သူက ယွမ်ရှင်းကျဲကို ရှုံးသွားတာနော် ... မင်း မအံ့ဩဘူးလား ..."

" အမ် ..."
လော့ဝမ်ချွမ်းက မတုန်လှုပ်သည့် အမူအရာနှင့် ပြန်ဖြေပြီးနောက် ပြန်ထွက်သွားရန် ပြင်လိုက်သည်။

သူ၏ "အမ်" ဟူသော စကားက တမင်တကာလုပ်သည်လားကို ခယ့်လိုင်မပြောနိုင်ပေ။

သူက လော့ဝမ်ချွမ်း၏နောက်သို့လိုက်သွားပြီး ဆက်ပြောနေသည်။

" ဒီပြိုင်ပွဲက ငါ့ကို အံ့ဩသွားစေရုံမကဘူး ... ယွမ်ရှင်းကျဲရဲ့ ကြယ်နှစ်ထပ်မက်ခါကို မွမ်းမံလိုက်တဲ့ပုံကိုပါ အံ့အားသင့်သွားမိတာ ... အဲ့ဒါက မြင်နေကျ ကြယ်နှစ်ထပ်မက်ခါတွေထက် ပိုကောင်းတယ် ... အဲ့လိုပြုပြင်နိုင်တဲ့စွမ်းရည်က တကယ့်ကို အံ့မခန်းလို့ မတွေးမိဘူးလား ... အဲ့ဒါကို စက်ရုံကြီးတစ်ခုမှာ လုပ်ခဲ့တယ်လို့တောင် ထင်မိတယ် ..."

" စက်ရုံကြီးတွေက အဲ့လိုရုပ်ဆိုးတဲ့အပိုင်းတွေ ရှိမလား ..."

လော့ဝမ်ချွမ်း၏ လေသံက ပြတ်သားနေသည်။

" ငါပြောချင်တာလည်း အဲ့ဒါလေ ..."
ခယ့်လိုင် အံ့အားသင့်နေသည်။

" နေပါဦး ပြောချင်တာ အဲ့ဒါမဟုတ်ဘူး ... အဓိက အချက်က သူ့မှာ မက်ခါတွေကိုမွမ်းမံနိုင်တဲ့ စွမ်းရည်ကောင်းကောင်းရှိတယ်ဆိုတော့ သူ့ကို မင်းရဲ့ သီးသန့်မက်ခါဆရာလုပ်ပေးဖို့ သွားမမေးတော့ဘူးလား ..."

လော့ဝမ်ချွမ်း လမ်းလျှောက်နေရာမှ ရပ်တန့်သွားသည်။

ယခုအခါတွင် သူတို့က ပွဲကြည့်စင်မှထွက်လာပြီး လူမ‌ရှိသည့် စင်္ကြန်လမ်းသို့ ရောက်လာပြီဖြစ်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now