18

6.1K 806 10
                                    

Chapter 18

[၀င်ခွင့်ပထမ​နေရာရရှိသူကစားသမား၊ ၀င်ခွင့်နံပါတ် ၀၂၉. ရမှတ် ၁၇မိနစ်၄၉စက္ကန့် ၀၆]

စက်ရုပ်အမျိုးသမီး​လေသံက​ကြေညာလိုက်လျှင် ပရိတ်သတ်များမှာ ​ရှော့ခ်ရသွား​တော့သည်။

​လော့၀မ်ချွမ်းစံချိန်ချိုးလိုက်ပြန်ပြီ။
မနှစ်ကသူ့အမြန်နှုန်းထက်​တောင် စက္ကန့်၂၀ပို​စော​သေးသည်။

"ဒါကအသန်မာဆုံးအယ်လ်ဖာရဲ့ အစွမ်းလား"

"သူကတကယ်ပဲကွပ်ကဲ​ရေးဌာနကဟုတ်ရဲ့လား၊
မက်ခါဌာနကဘယ်သူမှသူ့ကိုမယှဥ်နိုင်​တော့ဘူးလား"

"အရမ်းသန်မာလွန်းတယ်၊ သူ့​ပြေးလမ်းကိုကြည့်လိုက်ဦး လုံး၀မျဥ်း​ဖြောင့်အတိုင်းပဲ၊ ဘာအတားအဆီးဖြစ်ဖြစ်​အေး​​ဆေး​ကျော်သွားတာ "

ယွမ်ရှင်းကျဲသည် သူကိုယ်တိုင်လည်း ​လော့၀မ်ချွမ်း၏ စိတ်စွမ်းအားနှင့် ကိုယ်ခံအားကို မနာလိုဖြစ်မိ​ကြောင်း၀န်ခံရလိမ့်မည်။

အတားအဆီးအကုန်လုံးနှင့်သာရင်ဆိုင်ရလျှင် မည်သူမဆိုပင်ပန်းကာ ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်​ချေ။ ထို့​ကြောင့် လူအများစုမှာ အတားအဆီးများကို တတ်နိုင်သမျှ​ရှောင်ရှားကြလိမ့်မည်။

သို့​သော်​လော့၀မ်ချွမ်းကမှုအတားအဆီးမှန်သမျှတည့်တိုးရင်ဆိုင်သည်ပင်။ တိုက်ရိုက်ထုတ်လွှင့်​ပေး​နေ​သော စက်လုံးသဏ္ဍာန်စက်ရုပ်မှာ ​ပထမဆုရှင်အားကြိုဆိုရန်လော့၀မ်ချွမ်း၏မက်ခါ​ရှေ့သို့ပျံသန်းသွားခဲ့သည်။

ပရိတ်သတ်အုပ်ကြီးမှာတိတ်ဆိတ်လျက်။

"ငါကြားတာ ​လော့၀မ်ချွမ်းကအရမ်းပဲ​ချောတာတဲ့"

လုရန်ရှုက ယွမ်ရှင်းနားကပ်လျက်တီးတိုးဆိုလိုက်သည်။

"အမှန်လားမသိဘူး​​နော်"

​အော်ရီရယ်ကမူ​ဘေးက​ ထေ့​ငေါ့လာခဲ့သည်။

"မျက်လုံးနှစ်လုံး နဲ့ နှာခေါင်းတစ်ခုပါတာချင်းအတူတူပဲ ဘယ်​နေရာက​ချော​နေလို့လဲ"

ယွမ်ရှင်းကျဲ အညို​ရောင်ဆံပင်နှင့် အယ်လ်ဖာအားသတိရသွားမိလျှင် သိပ်မဆိုး​သော်လည်း "အရမ်း​ချောသည်"ဟူ​တော့မဆိုနိုင်​ချေ။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now