162

5.3K 573 1
                                    

Chapter 162

"ငါအရင်သွားပြီး လမ်းဖောက်လိုက်မယ်...ငါ အမှတ်အသားလုပ်ထားတဲ့နေရာတွေက တိုက်ရမဲ့နေရာတွေပဲ...သူတို့ကို အရှိန်အပြည့်နဲ့ဗုံးကြဲဖို့သတိရဦး"

ခဲ့လိုင်က ချက်ချင်း သဘောတူသည်။

ဟဲဟောင်မင်နှင့်ကာလက်တို့၏ ခုခံရေးပုံစံနှင့် နှိုင်းယှဥ်ပါက သူတို့နှစ်ယောက်ဟာ လက်ဦးကာ

တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြပြီး အကြောင်းမှာ

ပြိုင်ဘက်မက်ခါများက အဝေးပစ်မက်ခါတွေမဟုတ်သည့်အတွက်ပင်။

ချက်ချင်းဆိုသလို အက်ရှလေ၏အရိပ်မက်ခါက ဖုံးကွယ်ထားသော အခြေအနေမှာရှိသည့် ပြိုင်ဘက်များ၏တည်နေရာကို ဖမ်းယူမိသွားပြီး

မြေပုံပေါ်မှာ အမှတ်မှတ်လိုက်၏။

ခဲ့လိုင် ခုန်တက်လိုက်သည်။ လေထဲကနေ ဧရာမတင့်ကားကြီးလိုမျိုး အလင်းမှုန်အမြောက်ဖြင့် "ဘုန်း"ခနဲ နိုရာမက်ခါကို တိုက်ခိုက်လိုက်၏။

အပြင်းအထန် ရုတ်ရင်းဆန်ခတ်ဖြစ်သည့်မနက်ခင်းတစ်ခုအပြီးမှာ ရှင်းဟိုင်က ဤသို့သော သန်မာသည့်ပေါက်ကွဲအားရှိနိုင်နေဦးမည်ဟု

နိုရာကစားသမားများ မမျော်လင််ထားမိခဲ့ကြဘဲ

ခေတ္တမျှ ကြက်သေသေသွားကြကုန်သည်။

သူတို့အနေဖြင့် မူလတုန်းက မြောက်ဘက်နှင့်တောင်ဘက်တွေမှာ မြေအနေအထားအရ အားသာချက်ရှိခဲ့သော်လည်း ယခုမူ ကျရှုံးလုနီးပါးပင်။

"Fuck"

နိုရာ၏နည်းပြက ဤမြင်ကွင်းကို ဘေးကနေမြင်လိုက်ရပြီး ချက်ချင်း စိုးရိမ်သွားတော့၏။

"သူတို့ဘယ်လိုလုပ် အဲ့လောက်တိတိကျကျ ဆုံးဖြတ်နိုင်တာလဲ"

သူတို့က(ရှင်းဟိုင်) သူတို့ရဲ့အစီအစဥ်ကိုကြိုသိနေသလိုမျိုးကြီး...

တောင်ဘက်နှင့်မြောက်ဘက်ကတိုက်ပွဲအခြေအနေကို စိတ်ပူရန် အချိန်မရသေးခင်မှာပင် အရှေ့နှင့်အနောက်ဘက်ခြမ်းတွေမှာလည်း စတင်တိုက်ခိုက်နေကြသည်ကို သူမြင်လိုက်ရသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now