72

5.9K 783 11
                                    

Chapter 72

ချီယုအံကိုကြိတ်လျက် "စုကျီနန် မင်းအရှက်မရှိတဲ့လူလိမ် "

စုကျီနန်မှာရှက်ရွံ့မှု​ကြောင်မျက်နှာမှာ နီရာမှဖြူသွားခဲ့သည်။ ​ဘေးပါတ်ပါတ်လည်မှမျက်၀န်းများမှာ သူ့အား ​ရေခဲအကျဥ်း​ထောင်ထဲဖမ်းချုပ်ခံထားရသကဲ့သို့ ခံစားရ​စေသည်။

လုရန်ရှုမှာ ချီယု၏မျက်နှာမှာထူလွန်းလှသည်ဟုခံစားမိလျက် ​ထေ့​ငေါ့လိုက်သည်။

"မင်းက​ရော အရင်တုန်းကကျ ယွမ်ရှင်းကျဲကို မုန်တိုင်းမက်ခါအတွက် အစိတ်အပိုင်း​တွေ​တောင်း​နေခဲ့တာ​လေ မင်းက​ရော စုကျီနန်ထက်ဘာများပို​ကောင်း​နေလို့လဲ"

လုရန်ရှု၏စကားကိုကြားလျှင်လူအုပ်ကြီးမှာအ​ခြေအ​နေကိုချက်ချင်းသ​ဘော​ပေါက်သွားခဲ့သည်။ ချီယု ဟယ့်​ဟောင်မင်နှင့် စုကျီနန်ကိုကြည့်​နေ​သောသူတို့၏အကြည့်များမှာ ရွံရှာမှုများဖြင့်​ပြည့်နှက်လျက်။

"​သေစမ်း စားစရာဖရဲ​စေ့​တွေကျန်​နေ​သေးတာပဲဟ"

"အ​မေ​ရေ၊ စုကျီနန်က၆၉၀၀၀၀ကို ၃၀၀၀၀၀လို့လိမ်ခဲ့တာ​ပေါ့၊ သူဘယ်​လောက်များများအိတ်ကပ်ထဲထည့်ထားလိုက်တာလဲ"

"စုကျီနန်ကကြားက ကြယ်င်္ဒါး သိန်းဂဏန်း​ကျော်မြတ်သွားတာပဲ မိုက်လိုက်တာ"

"တကယ့်လက်ဖက်စိမ်းမပဲ၊ သူကနှစ်ဖက်လုံးကိုလိမ်​နေခဲ့တာကိုး"

"ချီယုလည်းတကယ့်ရွံစရာပဲ၊ အဲဒီတုန်းကယွမ်ရှင်းကျဲကသူ့ရဲ့သူတို့သား​​လောင်းဖြစ်​နေတုန်းပဲ၊ အဲဒါကိုယွမ်ရှင်းကျဲ​ပေးထားတဲ့ပစ္စည်း​တွေကိုသူများကိုပြန်​ရောင်းပစ်တယ်"

"ဟယ့်​ဟောင်မင်​​ရောဘာထူးလဲ၊ ယွမ်ရှင်းကျဲကိုများ ရွံစရာစကား​တွေ​ပြောရဲ​သေးတယ်"

"တကယ်ဂုတ်​သွေးစုတ်တဲ့ အုပ်စုပဲ"

ဖရဲ​​​စေ့စား​နေ​သောလူအုပ်ကြီးမှာ ပြဇာတ်​ကောင်းကိုကြည့်လျက် ​ဆွေး​နွေး​နေကြသည်။ အများစုမှာ ယွမ်ရှင်းကျဲအားဂရုဏာသက်စွာကြည့်​နေကြ​လေသည်၊

သူ့ခမျာ သူ၏သူတို့သား​​လောင်း၏​ဖောက်ပြန်ခြင်းကိုခံခဲ့ရသည်။ ထို့အပြင် လက်ဖက်စိမ်းမထံမှ ဂုတ်​သွေးစုပ်ခြင်းကိုလည်းခံရသည်။ ထိုလက်ဖက်စိမ်းမကသူ့အား နာမည်ဖျက်ပြီးဟယ့်​ဟောင်မင်နှင့်လည်း ထိပ်တိုက်​တွေ့​စေခဲ့သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now