26

6.2K 768 3
                                    

Chapter 26

အနက်ရောင်အလင်းမက်ခါက တုံ့ပြန်ရန် မေ့နေသကဲ့သို့ ထိုနေရာတွင်သာရပ်နေပြီး မလှုပ်ရှားပေ။

အားလုံး အသက်အောင့်ထားပြီး တစ်​ပြိုင်နက်တည်း တွေးနေကြသည်။
လော့ဝမ်ချွမ်း အာရုံလွင့်သွားပြန်တာလား ...

ယွမ်ရှင်းကျဲ မျက်လုံးကို ဖြေးညှင်းစွာ ဖွင့်လိုက်သည်။

ထိုစဉ် ...

လော့ဝမ်ချွမ်း၏မက်ခါက လှုပ်ရှားလာသည်။

၎င်း၏ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ချိန်းကြိုးဓားရှည်ကြီးကို ဖမ်းယူလိုက်သည်

သူ ဘာလုပ်မည်ကို အားလုံးမသိခင်မှာပင် ‌ဥက္ကာပျံမက်ခါ၏ ချိန်းကြိုးဓားက အလင်းမက်ခါ၏ ဆွဲယူခြင်းခံလိုက်ရသည်။

ထို့နောက်တွင် အလင်းမက်ခါ၏ အရိပ်က ညာဘက်တွင်ရောက်လာပြီး နောက်အခိုက်အတန့်မှာပင် ဥက္ကာပျံမက်ခါ၏ ဆန့်ကျင်ဘက် အရပ်မျက်နှာကို ရောက်သွားသည်။

အီခယ့်၏မျက်လုံးများ ရုတ်ချည်းပြူးကျယ်သွားသည်။

သူ မတုံ့ပြန်နိုင်မီမှာပင် အလင်းမက်ခါက သူ့ဘေးမှ  ဒယိမ်းဒယိုင်လှုပ်ရှားလာပြီး လက်ထဲမှ ချိန်းကြိုးဓားကို ပြတ်လုနီးပါးဖြစ်သွားအောင် အားပြင်းပြင်းဖြင့် ဆောင့်ဆွဲလိုက်သည်။

" ဘန်း ..."

အားလုံး၏ အံ့ဩနေသော အကြည့်များအောက်တွင် အလင်းမက်ခါက အရုပ်တစ်ရုပ်ကို ဖျက်ဆီးလိုက်သကဲ့သို့ ဥက္ကာပျံမက်ခါ၏ ချိန်းကြိုးဓားကို မြေ‌ပြင်ပေါ်သို့ ပစ်ချကာ နင်းချေလိုက်သည်။
ဤတိုက်ခိုက်မှုက ယွမ်ရှင်းကျဲ၏ ယခင်ပြိုင်ပွဲမှစွမ်းရည်ထက် ပိုသန်မာသည်။ ချိန်းကြိုးဓားက ပျက်စီးသွားပြီး ဥက္ကာပျံမက်ခါ၏လက်ဖဝါးက အားပြင်းသော ပွတ်တိုက်မှုမှ မီးပွားများလွင့်စင်လာမှုကြောင့် မီးခိုးအနည်းငယ်ထွက်လာသည်။

အီခယ့်က မိန်းမောမှင်သက်သွားပြီး သူ့ဦးနှောက်ထဲတွင် ခဏတာ ဗလာကျင်းသွားသည်။

လော့ဝမ်ချွမ်းက သူ့ကို ညှာတာလိုက်သည်ကို သူသိသည်။

ထိုသို့ဆက်ဖြစ်နေပါက သူ့အခြေအနေက ပိုဆိုးသွားမည်ဖြစ်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now