79

6.1K 716 0
                                    

Chapter 79

အဖွဲ့လိုက်ရလဒ်များထွက်ပြီးသည့်နောက်တစ်နေ့တွင် ရစ်ချက် ကျိုးဖေးရွှယ်၏ရုံးခန်းသို့ မနက်‌စောစောအပြေးသွားကာ ထိုက်ချိကစားနေသော ကျိုးဖေးရွှယ်အား အော်ပြောလိုက်လေသည် " မကောင်းတဲ့လူအိုကြီး ခင်ဗျားကြောင့်ပဲ…"

သူ၏မျက်လုံးများမှာပေါက်ကွဲထွက်တော့မလို ဖြစ်နေကာ မျက်လုံးထောင့်မှအမာရွတ်သည်ပင်လွင့်ပျံထွက်လာတော့မတတ်ဖြစ်နေခဲ့သည်။

ရစ်ချက်၏အမူအယာအားမြင်ပြီးသည့်နောက်တွင် ကျိုးဖေးရွှယ်သည်အဖွဲ့ခွဲသည့်ရလဒ်များသိပ်မကောင်းနိုင်ကြောင်းကိုသဘောပေါက်သွားမိလေသည်။

" ဘာဖြစ်တာလဲ ငါတို့မနှစ်တုန်းကသန်မာတဲ့ကစားသမားတွေနဲ့တွေ့ခဲ့လို့လား…"

ရစ်ချက် အုပ်စုစာရင်းအား သူ့ထံပစ်ပေါက်လိုက်ကာ " ကိုယ့်ဘာသာပဲကြည့်လိုက်တော့.."

ကျိုးဖေးရွှယ် အုပ်စုစာရင်းအားကြည့်လိုက်မိချိန်၌ ထိုက်ချိကစားနေခြင်းပင် ချက်ချင်းဆိုသလို ရပ်တန့်သွားကာ နာမည်စာရင်းအားအလွန်အံ့ဩနေသောပုံစံဖြင့် " ဂျက်ကော့ပထမစစ်တက္ကသိုလ်၊ ယွမ်ရှန်စစ်တက္ကသိုလ်၊ စိန့်ကလီတိုမက်ခါတက္ကသိုလ်… သောက်ချီး ဒါကြီးကမှားနေတာပဲနေမှာ.. ဘယ်လိုဖြစ်ပြီး ဒီမကောင်းဆိုးဝါးတက္ကသိုလ်သုံးခုကိုအတူဖွဲ့ပေးထားတာလဲဟ…"

ဂျက်ကော့ပထမစစ်တက္ကသိုလ်အား ဂျက်ကော့ကြယ်တာရာအစုအဝေး၏ ထိုက်တန်သောအာဏာရှင်ဟူ၍ဆိုနိုင်ပေသည်။ ယမန်နှစ်ပြိုင်ပွဲတွင် တတိယအဆင့်ချိတ်ခဲ့ပြီး သူတို့၏အင်အားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်သန်မာကာ ချန်ပီယံပြိုင်ပွဲအချို့လဲနိုင်ခဲ့ဖူးသည်။

ယွမ်ရှန်စစ်တက္ကသိုလ်မှာမူ ကုယွမ်ကြယ်တာရာအစုအဝေး၏အသန်မာဆုံးစစ်တက္ကသိုလ်ဖြစ်သည်။ ယမန်နှစ်ပြိုင်ပွဲတွင် ဂျက်ကော့ပထမစစ်တက္ကသိုလ်နှင့် အဆင့် သုံးနေရာအတွက် ယှဉ်ပြိုင်ခဲ့ရပြီး အဆင့်လေးသာရရှိခဲ့သော်လည်း သူတို့၏ခွန်အားမှလျော့တွက်၍မရချေ။

စိန့်ကလီတို၏မက်ခါတက္ကသိုလ်သည်လည်း ငန်းနက်ကြယ်တာရာအစုအဝေး၏အင်အားကြီးတက္ကသိုလ်တစ်ခုဖြစ်လေသည်။ ၎င်းမှာ အံ့ဩဖွယ်ရာ မက်ခါဌာနရှိ‌သည့် သေးငယ်သောတက္ကသိုလ်တစ်ခုသာဖြစ်သည်။ ယမန်နှစ်တွင် ကစားပုံအစီအစဉ်မကျခဲ့သောကြောင့် အဆင့်ငါးနေရာသာရခဲ့လေသည်။ ယင်းမတိုင်မီကမူ သူတို့သည် နှစ်စဉ်နှစ်တိုင်း ပြိုင်ပွဲတွင် ထိပ်ဆုံးသုံးယောက်စာရင်းဝင်ခဲ့သူများဖြစ်ကြသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now